Chapter (17)Uni

101 7 0
                                    

"ဆာတိုရာမ..သေဆုံးမှုက ထင်သလာက်မရိုးရှင်းဘူး"

"အင်း..သူ့လိုလူကို ဘယ်သူကဒီလိုလုပ်နိုင်လဲ"

"အဲ့တာထက် ဘယ်သူကလုပ်ရဲတာလည်းမေးရမှာပဲ ခုကိစ္စက တော်ရုံပြီးမယ့်ကိစ္စမျိုးမဟုတ်ဘူး ဆာကီနာ.."

"ဒါပေမယ့် ဒါက ငါတို့ကိစ္စတော့မဟုတ်ဘူးလေ ရီကာ.."

"အင်း ဒါပေမယ့် ငါ့စိတ်ထင် မကြာခင်ကိစ္စကြီးတခုဖြစ်လာနိုင်တယ်"

"ဘယ်လိုမျိုးလည်း အပြောင်းအလဲဖြစ်လာမှာမျိုးလား"

"အင်း စစ်ပွဲစမယ့်သဘောလို့ငါထင်တယ် ဒါဆိုရင် ငါတို့ပါ ပတ်သက်ရဖို့ရှိတယ်"

"နင်ထင်တာ ယာကူဇာအဖွဲ့ချုပ်ပါ ပါလာနိုင်တာမျိုးလား"

"ထင်မိတာပါ အရမ်းတွေးရမယ့်အချိန်တော့မဟုတ်သေးပါဘူး"

"ဘာပဲဖြစ်ဖြစ် နင်ပြောသလိုဆို ငါတို့လည်း လွန်ဆန်လို့ရမှာတော့မဟုတ်ဖူး"

ဆာကီနာ..ပြောတာကို ရီကာ..သဘောပေါက်တယ်။ အကယ်လို့် ဂိုဏ်းတွေအကြားစစ်ပွဲတွေဖြစ်လာခဲ့ရင် ပင်မယာကူဇာအဖွဲ့အစည်းကလည်း သူတို့အကျိုးစီးပွားအတွက်သေချာပေါက်ပါလာမယ်လေ။ Kenganက ယာကူဇာဂိုဏ်းအတွက်လိုအပ်တဲ့အလုပ်တွေကိုလုပ်ပေးရဖို့မငြင်းဆန်နိုင်ဘူးမလား။ အာဏာလုတဲ့ဒီလိုစစ်ပွဲတွေက ရက်စက်ပြီး အညှာအတာကင်းမဲ့လွန်းတာကို ကြုံခဲ့ရဖူးတဲ့ ရီကာ..က သိနေတော့ ဘာတွေဖြစ်လာမလည်း ပူပန်နေမိတာတော့အမှန်ပင်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

"မင်းရဲ့အစီအစဥ်အတိုင်းပဲ ပထမခြေလှမ်းကတော့ အောင်အောင်မြင်မြင်ပဲပြီးဆုံးသွားပြီ ဒါနဲ့အဖွဲ့ရဲ့အခြေအနေကိုကော ဘယ်လိုမြင်လဲ"

"အင်း... လအနည်းငယ်လောက်ပဲ အတူလေ့ကျင့်ရတယ်ဆိုပေမယ့် ကျွမ်းကျင်ပြီးသားလူတွေဆိုတော့ အခက်အခဲမရှိပါဘူး"

"ဒါဆို ဘာဆက်လုပ်ဖို့စီစဥ်ထားလဲ"

"ခနတော့ငြိမ်နေရမယ် ဆာတိုရာမ..ဂယက်ကလှုပ်ခတ်နေတုန်းအချိန်မလား"

"ဟုတ်တယ် ဒါက ယာကူဇာအတွင်းပိုင်းကို တပ်လှန့်လိုက်သလိုပဲလေ"

Love Then LoveWhere stories live. Discover now