ယူရီ..ကားကိုဖြေးဖြေးမှန်မှန်လေးသာ မောင်းနှင်လာခဲ့လိုက်တယ်။သူမရဲ့ဦးတည်ရာကတော့ မယ်ရီ့..ဆီကိုပေါ့၊ အဲရစ်ကာ..နဲ့ပတ်သတ်ပြီး သူမရဲ့စိတ်တွေက အရမ်းကိုနောက်ကျိနေရတယ်။အဲရစ်ကာ့..ကို ယူရီ..ပြောပစ်ခဲ့တဲ့စကားတွေက ကြမ်းတမ်းသွားတာသိသလို သူမခံစားသွားနိုင်တာမျိုးလည်းဖြစ်ချင်ဖြစ်နိုင်မယ် ဒါပေမယ့် အဲရစ်ကာ့..အကြောင်းကောင်းကောင်းသိထားသူမို့ ယူရီ..စိုးရိမ်မိတာတော့အမှန်ပါ။
မကြာခင် မယ်ရီ့..တိုက်ခန်းကိုရောက်လာတော့...
"ယူရီ..လာ နောက်ကျလိုက်တာ ဘာတွေလုပ်နေလို့လဲ"
"ကားတွေကျပ်နေလို့ပါ မယ်ရီ..ညစာစားပြီးသွားပြီလား"
"ဟေး..ယူရီ.. နေကောင်းလား"
ယူရီ..စကားပြီးအောင်တောင်မပြောခင်မှာပဲ ကိုင်ဒီ..ရောက်လာကာ လာနှုတ်ဆက်လေတယ်။သူမက ဘာလို့ရောက်နေရတာလည်း ယူရီ..တွေးမိသွားတယ်။
"Aww..ကိုင်ဒီ..ရောက်နေတာပါလား"
"ဟုတ်တယ် ကိုယ်လည်းခရီးထွက်နေတာခုမှပြန်ရောက်တာလေ မယ်ရီ..လေးနဲ့မတွေ့ဖြစ်တာလည်းကြာနေတာနဲ့ လက်ဆောင်လေးလည်းပေးရင်းလာလိုက်တာပါ"
"Aww..ကောင်းပါတယ် မယ်ရီ..ကိုယ်မေးတာမဖြေသေးဘူးနော်"
"ဟိုလေ ကိုင်ဒီ..ရောက်လာတာနဲ့ အပြင်သွားရင်း...."
"စားပြီးပြီဆိုပါတော့"
"ဟုတ်"
ကိုင်ဒီ..ဘာလဲ ယူရီ..သိနေတယ်လေ၊ သူမရဲ့အကြောင်းကို ယူရီ..လည်း စုံစမ်းနေတာပါ။ပြီးတော့ ဒီမိန်းမက မယ်ရီ့..ကိုသဘောကျတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းကိုပြောပြထားတဲ့သူမလား။
လူက နဂိုကတည်းကမှ စိတ်ကကြည်နေတာမဟုတ်သလို ဒီကိုင်ဒီ..ဆိုတဲ့မိန်းမကို မယ်ရီ..နဲ့အတူတွေ့လိုက်ရတော့ ကိုင်ဒီ့..အပေါ် ယူရီ..မကျေနပ်သလိုဖြစ်သွားတယ်။ ဒါက ယူရီ့..မျက်နာပေါ်မယ်အတိုင်းသားပေါ်လွင်နေတယ်လေ။ယူရီ့..တမျက်နာသာကြည့်နေတတ်တဲ့ မယ်ရီ..က ယူရီ..တခုခုဖြစ်နေပြီဆိုတာကိုသိတယ်။
ဒီလိုပဲ ကိုင်ဒီ..ကလည်းရိပ်မိပါတယ်။လောလောဆယ် ဘာပြသနာမှမဖြစ်ချင်တာနဲ့ပဲ...
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...