~~~~~"အဲ့ဒီ ချယ်ရီပန်းဆိုတာက အရမ်းလှတာလားဟင် မမ"
"လှတာပေါ့ ငယ်လေးရဲ့ နောက်ပြီးတော့ အဓိပ္ပါယ်လည်း အများကြီးရှိတယ်"
"အဓိပ္ပါယ်...."
"ဟုတ်တယ်ငယ်လေး အရာအားလုံးမှာ သူ့အဓိပ္ပါယ်နဲ့သူရှိကြတယ် မမ ဥပမာပြောပြမယ်"
ကသစ်နီ..က သူမရဲ့အခန်းထဲရှိတဲ့ ဗီရိုလေးတခုကိုဖွင့်ပြီး အထဲကတခုခုကိုယူကာ သော်တာငယ့်..ကိုပြတယ်။ သူမပြလိုက်တာက. အရှည်လိုက်ပုံစံရှိတဲ့ ယွန်းသေတ္တာလေးတခုပါ၊ ဖွင့်လိုက်တော့ အထဲမှာ ဓါးမြှောင်လေးတချောင်းကိုတွေ့ရတယ်။
"ဟင်..မမ ဓါးလေးပါလား"
"အင်း..ဒါကို "တန်တို"(Tanto)လို့ခေါ်တယ် ငယ်လေးရဲ့ ဟိုးအရင် ဂျပန်ပြည်မယ် ဆာမူရိုင်းဆိုတဲ့ သတ္တိအရမ်းရှိပြီး ဓါးပညာအရမ်းတော်တဲ့သူတွေဆိုတာရှိတယ် သူတို့ကတိုက်ပွဲဝင်ပြီဆိုရင် ဓါးသုံးချောင်းကို သူတို့နဲ့အတူ ယူဆောင်သွားတတ်ကြတယ် ဒီ တန်တို..ဆိုတဲ့ဓါးလေးက အဲ့ထဲက ဓါးတချောင်းပဲ"
"ဟိုလေ မမက ဘာလို့ ငယ်လေးကိုဒါကြီးပြတာလဲဟင်"
"ခ်ခ် ဒီဓါးလေးက မမအတွက် မမရဲ့မိခင်ဖြစ်သူပေးခဲ့တဲ့ တခုတည်းသောပစ္စည်းလေးလေ မမပြောချင်တာက ခုငယ်လေးကိုပြတော့ ဓါးတချောင်းလို့ပဲ ငယ်လေးမြင်တယ်မလား ဒါပေမယ့် မမအတွက်ကျ ဓါးတချောင်းအပြင် အမွေပစ္စည်းတခုလိုတန်ဖိုးရှိ
နေစေတယ်မလား""Aww..မမ မေမေရဲ့ဓါးလေးပေါ့နော်"
"ဟုတ်တယ်ငယ်လေး မမဆက်ပြောပြမယ် ချယ်ရီပန်းဆိုတာကျတော့ တခြားလူမျိုးတွေအတွက် လှပတဲ့ပန်းလို့ပဲ သိမြင်ကြပေမယ့် ဂျပန်လူမျိုးတွေအတွက်တော့ အခု မမပြတဲ့ဓါးလေးလို သူတို့အတွက်ကျ အဓိပ္ပါယ်အများကြီးရှိနေတယ်လေ"
"Aww..."
မိမိပြောတာလေးကို သေချာနားထောင်နေသော သော်တာငယ်..လေးရဲ့ခေါင်းလေးကို အသာပွတ်ပေးပြီး ယွန်းဗူးလေးကို ဗီဒိုလေးထဲပြန်ထည့်လိုက်ပြီးမှ ကသစ်နီ..က......
"ငယ်လေးအတွက်ကော အဲ့လိုအဓိပ္ပါယ်ရှိနေစေတဲ့အရာမျိုးရှိနေပြီလား"
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...