"အခုတလော စီနီယာ အဲရစ်ကာ..လည်း အလုပ်တွေရှုပ်နေတယ်ထင်တယ်"
တာကီရို..နဲ့ဆွေးနွေးစရာကိစ္စတချို့ဆွေးနွေးပြီး အိမ်တော်ကို အဲရစ်ကာ..ပြန်လာခဲ့တယ်။ ခြံဝန်းတနေရာရောက်ခိုက် ကိုယ့်ကိုရည်ရွယ်ပြီးပြောလာတဲ့စကားကြောင့် ပြောလာတဲ့သူကို အဲရစ်ကာ..ကြည့်လိုက်ရာ နာနာကို..ဆိုတဲ့ကောင်မလေးကိုတွေ့ရတယ်။ သူမရဲ့မျက်နာက ပြုံးထေ့ထေ့နဲ့ပါ ဒါနဲ့သူမအနားကို အဲရစ်ကာ..သွားလိုက်တယ်။
"နာနာ..ပါလား အပြင်မယ်ဘာလုပ်နေတာလည်း ဟီကာမီ..ကိုစောင့်နေတာလား"
"မဟုတ်ပါဘူး ဒီအတိုင်းပဲလမ်းလျှောက်နေတာမျိုးပါ"
"ကြည့်ရတာ missonမရှိတော့ ပျင်းနေပုံပဲနော်"
"ခစ်ခစ် နာနာ့..မယ် ပျင်းဖို့အချိန်တောင်မရှိပါဘူး စီနီယာရဲ့"
"ဒါနဲ့ စောနက ပြောတဲ့စကားက ဘာသဘောလည်းမသိဘူးနော်"
"Aww..ဒါက စီနီယာအခုတလော အပြင်သွားတာ ခပ်စိတ်စိတ်တွေ့နေရလို့ပါ"
"နာနာ..က တခြားသူတွေကို လိုက်ကြည့်ရတာသဘောကျတတ်သူမျိုးလား"
"အဲ့လိုတော့မဟုတ်ပါဘူးစီနီယာရဲ့ သူများကိစ္စဝင်စွက်ဖက်ရတာလောက် နာနာ..ပျင်းတာမရှိဘူး ဒါပေမယ့်...."
နာနာကို..က အဲရစ်ကာ..ကို သေချာစိုက်
ကြည့်လိုက်တယ် ပြီးမှ..."စိတ်ဝင်စားစရာဆိုရင်တော့နာနာ..သဘောကျတယ်လေ ဥပမာ အိပ်နေကျလူက အချိန်အခါမဟုတ်နိုးနေတတ်တာမျိုးပေါ့"
"သတိတော့ထားနော် မစူးစမ်းသင့်တာမျိုး စူးစမ်းမိရင် ပြသနာရှိနိင်တယ်လေ"
"ဟုတ်တာပေါ့စီနီယာရယ် ပိုဆိုးတာက ကိုယ်စူးစမ်းလိုက်တဲ့အရာက ဘာလဲသိသွားရင်
ကိုယ့်အတွက်အန္တရာယ်ရှိစေနိင်တယ်လေ
ခစ်ခစ်"အဲရစ်ကာ..က နာနာကို..ရဲ့အနားကိုကပ်သွားတယ် ပြီးတော့ သူမပခုံးတဖက်ပေါ်ခေါင်းလေးကျော်တင်လိုက်ပြီး...
"တခါတလေ မသိသင့် မသိရမယ့်အရာတွေအများကြီးရှိတယ် နာနာ.."
"ခစ်ခစ် နာနာ..နားလည်ပါတယ် ဒါနဲ့အခု နာနာ..အပြင်သွားမို့လေ စီနီယာကိုမေးချင်တာက စီနီယာဖျော်ဖြေပွဲလိုမျိုးကြည့်ရတာကိုကြိုက်လား"
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...