Chapter (26)Zgy

37 5 0
                                    

နေ့ရက်တွေက လတွေတလပြီးတလကိုကူးပြောင်းခဲ့စေတယ်။ ဘာလိုလိုနဲ့ ယူရီ..နဲ့မယ်ရီ..တွဲတာ သုံးလပင်ပြည့်တော့မယ်၊ တရက်ပြီးတိုင်း မယ်ရီ့..အချစ်တွေကပိုပိုတိုးလာခဲ့သလို ယူရီ့..အနေနဲ့လည်း တသက်လုံးနီးပါး ထိန်းချုပ်လာရသော အချစ်ဆိုတဲ့အရာကို မယ်ရီ..နဲ့မှ ခံစားသက်ဝင်လာတတ်ခဲ့တယ်လေ။

"ဒါဆို အခု မယ်ရီ..က တယောက်တည်းနေရမှာပေါ့"

"ဟုတ်တယ် သဇင်..က တလလောက်တော့ကြာမယ်တဲ့ အင်းလေ သူလည်း ဒီကိုရောက်ကတည်းက အခုမှတခါပြန်ရတာဆိုတော့ ဟိုမယ် နေချင်ဦးမှာပေါ့"

"မယ်ရီ..က လိုက်မသွားဘူးလား"

"သူကတော့ ကျောင်းကိုခွင့်တင်ဖို့ပြောပါတယ် ဒါပေမယ့် မယ်ရီ..မှမပြန်ချင်တာ ယူရီ..ကလည်း"

"ဘာဖြစ်လို့တုန်း တခြားသူတွေဆို ကိုယ့်နိုင်ငံပြန်ဖို့ပဲတွေးတတ်ကြတာမလား"

ခင်သဇင်..က သူ့ကျောင်းတလပိတ်တာ
ကြောင့် မြန်မာပြည်ခနပြန်သွားတယ်။ ဒါကို မယ်ရီ..နဲ့ယူရီ..တို့ကပဲ လေဆိပ်လိုက်ပို့ပေးရင်း အပြန် နေ့လည်စာအတူဝင်စားရင်းပြောနေကြတာလေ။ယူရီ..က မယ်ရီ..ပါပြန်မလိုက်သွားတာကိုမေးလာနေတယ်၊ တကယ်ပါ ဒီယူရီ..ဟာ အခြေအနေကိုလည်းသူမသိ အချိန်အခါဆိုတာဝေးလို့ အလိုက်ကိုမသိတတ်တဲ့ ငတုံးမကြီးပါပဲ။

<ဂွက်စ်>

မယ်ရီ..က သောက်လက်စဖျော်ရည်ဖန်ခွက်ကို အသံမြည်အောင် တမင်စားပွဲပေါ်ချလိုက်တော့ ယူရီ..ကကြည့်လာတယ်။ သူမြင်လိုက်တာက မယ်ရီ့..မျက်နာက ဆူပုပ်လို့နေတာကိုပါပဲ။

"မယ်ရီ.. ဘာဖြစ်သွားတာလဲ ကိုယ်အမှားလုပ်မိလို့လား"

"မေးပါဦးမယ် အကယ်လို့ မယ်ရီ..လည်းပြန်လိုက်သွားတယ်ဆိုရင်ကော ယူရီ...ကအေးဆေးပဲမလား"

"Hmm မဟုတ်ဖူးလေ ကိုယ်ပြောချင်တာအဲ့လိုသဘောမဟုတ်တာကိုကွာ"

"ဘယ်လိုသဘောလည်း ဒါဆို"

"ဒီလိုကွာ မယ်ရီ..ဂျပန်ရောက်တာ လအတော်ကြာပြီမလား ဒါကြောင့်ဟိုကိုလွမ်းတာမျိုး ပြန်ချင်တာမျိုးရှိနိုင်တယ်ထင်လို့လေ"

Love Then LoveWhere stories live. Discover now