ယူရီ..ဒီတခါလုပ်ကြံရမယ့်သူက အကောင်ကြီးထဲက မူဆာအာမက်..လို့ခေါ်တဲ့ နိုင်ငံခြားသား ဘိန်းကုန်သည်တယောက်ပေါ့။ သူက ဘိန်းလောကမှာ တော်တော်နာမည်ထွက်နေတယ်လေ။ ဒီတော့ လူမျိုးစွဲပြိုင်ဘက်တယောက်က နိုင်ငံခြားသားဖြစ်တဲ့ အာမက်..ကို ရှင်းချင်လာတယ်။ ဒီကိစ္စက ယာကူဇာတွေကတဆင့် တိုက်ရိုက်ပြောလာတဲ့ကိစ္စလည်းဖြစ်လို့ စိတ်ချရတဲ့ ယူရီ..ကိုပဲ မားမားကြီးကအသုံးပြုစေခိုင်းလာတော့တယ်။
အာမက်..က အလုပ်လုပ်ရာမှာ အဖွဲ့လိုက်ထက် လူနည်းနည်းနဲ့လှုပ်ရှားတတ်သူ၊ ပြောရရင် ကိုယ့်ကိုယ်ကိုကော သူ့ကိုကာကွယ်ပေးနေတဲ့သူတွေအပေါ်မယ် အရမ်းယုံကြည်မှုရှိသူဖြစ်တာကို ယူရီ..ခန့်မှန်းမိလို်က်တယ်။
လူတိုင်းမှာ အားနည်းချက်ရှိတယ်ဆို ယုံကြည်မှုလွန်ကဲတာက အာမက်..ရဲ့ အားနည်းချက်လို့ပြောရတော့မှာပဲ။ ဒါကြောင့် အာမက်..အခြေချတဲ့နေရာကိုသွားဖို့ထက် သူထွက်လာမယ့်အချိန်ကိုပဲ ယူရီ..စောင့်နေလိုက်တယ်။
မကြာခင်မှာပဲ ကိုယ်တိုင်လိုက်ရမယ့် အရောင်းအဝယ် ကိစ္စအတွက် အာမက်..အပြင်ထွက်မယ့် သတင်းရထားတယ်၊ နေရာကိုလည်း ယူရီသိရှိထားတယ်။ သူတို့က အိုဆာကာ အပြင်ဘက်က ဂိုထောင်ဟောင်းကြီးတလုံးမယ် အရောင်းအဝယ်လုပ်ကြလိမ့်မယ်။ ဒီတော့ အဲ့ဒီအနီးတဝိုက်ကနေရာတခုမယ် ယူရီ..အသင့်စောင့်ကြိုပြီး
နေရာယူထားလိုက်တယ်။ မကြာခင် အာမက်..တို့အဖွဲ့အရင်ရောက်လာတာကိုတွေ့ရတယ်။ယူရီ့..စိတ်ထဲကနေ ရန်သူကိုလေ့လာနေသလို သူဝင်ရောက်သင့်တဲ့အနေအထားကိုလည်းတွက်ချက်နေလိုက်တယ်။
(အင်း.. အားလုံးဆယ်ယောက် ဒါဆို အာမက်..ဘေးနားက ၉ယောက်က သူ့ကိုယ်ရံတော်တွေပေါ့ ပုံစံတွေက ကျွမ်းကျင်ပြီး အတွေ့အကြုံလည်းများကြမယ်ထင်တယ်)
ဒါနဲ့..နောက်လာမယ့်အဖွဲ့ရဲ့အခြေအနေကို ယူရီ..သိရအောင်ဆက်စောင့်နေလိုက်တယ်လေ။ ဒါပေမယ့် မကြာခင် အထဲက သေနတ်သံတွေကြားလိုက်ရတော့ တခုခုဖြစ်နေကြပြီသိကာ ဂိုထောင်ကြီးအနီးကိုသွားလိုက်တော့တယ်။ ယူရီ..ဂိုထောင်အနားရောက်တော့ အသံတွေကတိတ်ဆိတ်သွားတယ်။
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...