Chapter(2)Uni

363 19 0
                                    

အေးစိမ့်နေသော လေရဲ့အထိအတွေ့နဲ့အတူ အိပ်ယာမှနိုးလာသော်လည်း ယူရီ..မျက်လုံးတွေကိုမဖွင့်နိုင်သေးပါဘူး။ ခေါင်းကလည်းထိုးကိုက်နေလေတော့ အိပ်ယာပေါ်မယ်ပဲ အသာပြန်မှိန်းနေလိုက်ရတယ်။ အိမ်မက်က လွန်ခဲ့တဲ့နှစ်တချို့ကအဖြစ်အပျက်ကို လာပြီးနိုးဆွနေတယ်။

စင်သီယာ..ဆိုတဲ့မိန်းကလေးက အားလုံးရဲ့အချစ်တော်တယောက်ဖြစ်ခဲ့သလို
ယူရီ့..အတွက်လည်း သူငယ်ချင်းကောင်းတယောက်ဖြစ်ခဲ့သည့်သူပင်။ယူရီ..တို့အဖွဲ့ခေါင်းဆောင်ဥက္ကဌရဲ့ မွေးစားသမီးဖြစ်တဲ့ စင်သီယာ..က ဆက်ခံသူတယောက်ဖြစ်လာ
မယ့်သူဆိုလည်းမမှားပါဘူး။ သူမသာလမ်းမှားကိုမလျှောက်ခဲ့လျှင် ဒီလိုပဲဖြစ်လာမယ်လို့သာ အားလုံးကယူဆခဲ့ကြတယ်လေ။

ဒါပေမယ့် နောက်ဆုံးအချိန် စင်သီယာ..ပြောခဲ့တဲ့စကားတွေကို ယူရီ..လုံးဝနားမလည်ခဲ့သလို အခုထက်ထိလည်း အဖြေရှာမရဖြစ်နေဆဲပါပဲ။ စင်သီယာ..က ကိုယ်မသိတဲ့
ကိုယ့်ရဲ့အကြောင်းဆိုတာကို သူမ သိထားသလိုပြောခဲ့တာကြီးက ယူရီ့..အတွက်တကယ်ကိုအဆင်မပြေတာပါ ဒါပေမယ့်
စင်သီယာ့..ကိစ္စရဲ့အရိပ်မည်းကြီးက နှစ်နှစ်ဆိုတဲ့အချိန်ကာလကြာသည့်တိုင်အောင်ပင် အခုထိ ယူရီ့..ကို ခြောက်လှန့်နေဆဲပင်မလား။ ယူရီ့..အတွက် ဒီကိစ္စထက်လွန်ပြီး ဘာကိုပိုခံစားနေနိုင်ဦးမှာလဲ။

အတွေးတွေနဲ့အတူ ခေါင်းကြည်လာတော့ အိပ်ယာမှထဖို့တွေးလိုက်တယ်။ အခန်းတံခါးဖွင့်သံကြားရလို့ တံခါးကိုကြည့်လိုက်တော့ သက်လတ်ပိုင်းအရွယ် မိန်းမတယောက် အခန်းထဲဝင်လာတယ်။

လက်ထဲမယ်လည်း ကြွေခွက်တခွက်ကို ဗန်းလေးတခုထဲထည့်ရင်း ယူရီ..အနားကိုရောက်လာကာ....

"နိုးပြီလား ယူရီ..လေး ၊ ညကလည်းထိန်းမရအောင်ကိုသောက်ထားတာဆိုတော့ ခေါင်းကိုက်နေမယ်ထင်လို့ ဒီမယ် "မာရု"..ရေနွေးကြမ်းနဲ့ပျားရည်ဖျော်လာတယ် သောက်လိုက်ဦး"

ပေးလာတဲ့ ကြွေခွက်ကိုယူ တခါတည်းအကုန်မော့သောက်ပစ်ပြီးနောက် ကုတင်ပေါ်က ယူရီ..ဆင်းလိုက်ရင်း....

"ကျေးဇူးပါ မာရု.. ဒါနဲ့ညက
ယူရီ..တော်တော်ဆိုးလား"

"တခြားတော့မဟုတ်ပါဘူး ဆာကေးတွေသောက်တာတော့ တော်တော့်ကိုများတယ် နောက်ဆုံးမှောက်သွားလို့် မာရု..အခန်းထဲတွဲခေါ်ရတဲ့ထိပဲ heee😁"

Love Then LoveWhere stories live. Discover now