Chapter (23)Uni

89 8 0
                                    

"Hello တာကီရို.. အရေးအကြောင်းမရှိရင် ဖုန်းမဆက်ပါနဲ့ပြောထားတယ်လေ"

"လိုင်နီယာ..ရှုံးလာခဲ့တယ် အဲရစ်ကာ.."

တဖက်က တာကီရို..ရဲ့စကားကို အဲရစ်ကာ..မအံ့ဩပါဘူး။ ဒီလိုဖြစ်မယ်ဆိုတာကိုကြိုမြင်ပြီးသားလေ။ လိုင်နီယာ..ရဲ့ အရမ်းတိုက်ခိုက်ချင်နေတဲ့စိတ်ကို ထိန်းဖို့ခက်နေတာကြောင့်သာ ခွင့်ပြုချက်တချို့ကန့်သတ်ပြီး ယူရီ..နဲ့မိမိကိုယ်တိုင်ပေးတွေ့လိုက်တာပါ။

"အခု သူ့အခြေအနေဘယ်လိုရှိလည်း တာကီရို.."

"သူပြန်တော့မယ်ပြောနေတယ် ငါလည်းဘာလုပ်ရမှာလည်း မစဥ်းစားနိုင်လို့ အဲရစ်ကာ့..ကို အခုလိုဆက်သွယ်လိုက်ရတာပါ"

"နေပါဦး အခုသူ့အနေအထားကိုပြောပြပါလား ဒဏ်ရာများလား ဘယ်လိုဖြစ်နေတာမျိုးလည်း"

"သာမာန်နာကျင်တာနဲ့ယောင်တာကိုင်းတာလောက်ရှိတာပါ ငါယုံတောင်မယုံဘူး ဒီဒဏ်ရာလေးတွေဆိုတာက သာမာန်လို့ပြောလို့ရတာလေးတွေပါ အဲရစ်ကာ့..လူကို သူဘယ်လိုအရှုံးပေးခဲ့ရလည်း ငါတွေးကြည့်လို့ကိုမရဘူး"

"ကျမနားလည်ပြီ သူတို့က လက်ရည်စမ်းတဲ့သဘောမျိုးလောက်တိုက်ခိုက်ကြတာပဲ ဒါပေမယ့် ဒီတိုက်ခိုက်မှုမယ်ရှုံးရတာကိုက လိုင်နီယာ..ရဲ့မာနကျိုးပျက်သွားတဲ့အထိဖြစ်သွားစေတယ်"

"ဘယ်လိုမျိုးလဲ လက်နက်မဲ့လား"

"ဟုတ်တယ် ပြောချင်တာက လက်နက်မဲ့ အနေအထားမျိုးမယ်တောင် ယူရီ..ရဲ့တိုက်ခိုက်နိုင်စွမ်းကအရမ်းမြှင့်တယ် ဘာလို့လည်းဆိုတော့ သူကိုယ်တိုင်ကိုက လက်နက်တခုဖြစ်နေတာလေ"

"သူက ငါတို့အတွက် အတားဆီးဖြစ်လာနိုင်တယ်နော် သူ့ကိုဘယ်လိုလုပ်မလဲ ပြီးတော့ လိုင်နီယာ့..ကို ငါဘယ်လိုဖျောင်းဖြရမလဲ"

"လိုင်နီယာ့..ဆန္ဒကို သူ့သဘောအတိုင်းသာ
ခွင့်ပြုပေးလိုက်ပါ"

"ဘယ်လို အဲရစ်ကာ.. သူရှုံးတယ်ဆိုပေမယ့် သူ့အစွမ်းအစတွေကို ငါတို့လိုအပ်နေသေးတယ်မလား"

"လိုင်နီယာ..က အရမ်းစွမ်းပေမယ့် ရှေ့လျှောက်ကိစ္စတွေမယ် ရှင်ထင်ထားသလောက် အသုံးဝင်တဲ့သူမဟုတ်ဘူး တာကီရို.."

Love Then LoveWhere stories live. Discover now