"ဟွန်ဂျို"အိမ်တော်
Kenganရဲ့အဖွဲ့ဝင်မိသားစုအိမ်တော်များထဲမှာ ဟွန်ဂျိုအိမ်တော်ကအစဥ်အလာကြီးမားသလို ဆာမူရိုင်းမျိုးရိုးဖြစ်တာကြောင့် ဂုဏ်သိက္ခာကြီးမားကာ ဓါးရေးအပါအဝင် တိုက်ခိုက်ရေးပညာတွေမယ် တခြားမိသားစုအိမ်တော်တွေထက် တပန်းသာသလို လူအင်အားကလည်း သာ၍တောင့်တင်းပါတယ်။
ရီကာ..က သူမရဲ့အိမ်တော်ကိုလာခဲ့ဖို့ပြောထားလို့ ယူရီ..နေ့လည်လောက်မယ်သွားတော့ ရီကာ.. မအားသေးတာနဲ့ ဧည့်ခန်းမယ်ပဲထိုင်စောင့်နေလိုက်တယ်။မယ်ရီ့..တိုက်ခန်းလေးမယ်ပဲ ယူရီ..နေနေတာ ၃ရက်ရှိပါပြီ။ မယ်ရီ..နဲ့ အတူနေရတဲ့အခိုက်အတန့်လေးတွေက ယူရီ့..ရဲ့ အပျော်ဆုံးအချိန်တွေလို့ခံစားနေရပေမယ့် အခုဒီကိုရောက်တော့ စိတ်ထဲတမျိုးကြီးလိုလိုပင် ခံစားနေရတယ်။
မကြာခင်ပဲ အခန်းထဲက အဲရစ်ကာ..ထွက်လာတာကိုတွေ့လိုက်ရတယ်။ သူမကလည်း ရီကာ..ခေါ်ထားလို့ရောက်နေခြင်းပင်။
"ယူရီ..အခန်းထဲမယ် မားမားကြီးစောင့်နေတယ်"
"Aww အင်း... ကျေးဇူး..."
"သတိထားနော် မားမားကြည့်ရတာ စိတ်မကြည်မလင်ဖြစ်နေပုံပဲ"
"ဟုတ်လား ဘာလို့လဲ"
"အဲရစ်ကာ..လည်းမသိပါဘူး ဒါနဲ့ မားမားနဲ့စကားပြောပြီးရင် အတူပြန်ရအောင်လေ"
"ပြန်နှင့်လိုက်ပါ ကိုယ်တခြားသွားစရာလေးရှိနေသေးလို့ပါ"
ဒီလိုပြောတော့ အဲရစ်ကာ့..မျက်နာပျက်သွားပေမယ့် ယူရီ..လည်း စကားဖြတ်ပြီး ရီကာ..နဲ့တွေ့ဖို့ စာကြည့်ခန်းထဲကိုဝင်သွားတော့တယ်။အခန်းထဲရောက်တော့ စားပွဲဘေးနားကခုံတခုံမယ် မျက်နာထားတင်းတင်းထားပြီး ထိုင်နေတဲ့ ရီကာ့..ကိုတွေ့လိုက်ရတယ်။
"ထိုင်"
"ဟုတ်ကဲ့"
"ငါ နင့်ကိုဘာလို့ခေါ်တာလည်း တွေးကြည့်နေလား"
"ဟုတ် အလုပ်ကိစ္စဆွေးနွေးဖို့များလား မားမား"
"မဟုတ်ဘူး ကိစ္စကနင့်ကိစ္စပဲ"
"ယူရီ့..ကိစ္စ"
"ယူရီ.. နင်တို့ကိုလွတ်လပ်ခွင့်ပေးထားတယ်ဆိုတာက နေရာတကာလိုက်ပြောနေရဖို့မဟုတ်ဘူး"
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...