Chapter(7)Zgy

51 3 0
                                    

~~~~~"မမ ဒီသစ်ပင်ကြီးက တခြားသစ်ပင်တွေထက်ကြီးတော့ သူက သစ်ပင်ဘုရင်ကြီးဖြစ်နိုင်တယ်နော်"

"ဘယ်လိုငယ်လေးရဲ့ သစ်ပင်ဘုရင်ကြီးဟုတ်လား ခ်ခ် ပြောလည်းပြောတတ်ပါ့"

"ဟာ...မမကလည်း နေ့လညျက စစ္စတာကြီးရဲ့ရုံးခန်းမယ်ကြည့်ရတဲ့ဇာတ်ကားထဲကမင်းသားကိုပဲကြည့်လေ"

"အင်းပြောပါဦး အဲ့ဒီမင်းသားကဘာဖြစ်လဲ"

"သူကအကြီးကြီးလေ သူနဲ့ချတဲ့သူတိုင်းခံနေရတာမလား ဇာတ်ကားသိမ်းတော့ ဘုရင်ကြီးဖြစ်သွားတာလေ"

"Aww..aw.. သဘောပေါက်ပြီ အကောင်ကြီးတယ်ဆို ဘုရင်ကြီးဖြစ်တယ်လို့ ငယ်လေးကထင်နေတာလား အဲ့လိုဟုတ်လား"

"ဟုတ်တယ်လေ"

"ဟုတ်မှာပါ များအားဖြင့်တော့ အင်အားကြီးမားတဲ့သူကအသာရမှာပါပဲ ဒါပေမယ့် အမြဲတမ်းအသာရနေတဲ့သူဆိုတာမရှိဘူး ငယ်လေးရဲ့ ဒါကိုမှတ်ထားသိလား"

"ဟုတ်မမ"

"ဒါထက် ငယ်လေးpianoတီးသင်ရမယ့်အချိန်ရောက်ပြီမလား"

"ဟာ ဟုတ်လား သွားကြမယ်လေ"

"Omm"

ကလေးအရွယ်ဆိုတော့ သူထင်တာ တွေးမိတာလေးတွေကို သူထင်သလို တွေးတတ်သလိုလေးတွေးပြီးပြောပြလာတာမျိုးက စိတ်မရှည်တတ်တဲ့သူတွေအတွက် စိတ်ညစ်စရာကောင်းတယ်မလား။

ဒါပေမယ့် သော်တာငယ်..အတွက် ကသစ်နီ..မယ်ဒါမျိုးလုံးဝမရှိခဲ့ပါဘူး။ အမြဲလိုပင် မသိတာ မတတ်တာကို သိအောင် တတ်အောင် မှားနေရင်မှန်အောင် စိတ်ရှည်ရှည်နဲ့ကို သူသိသလောက် ပြန်ရှင်းပြနေသည်မှာလည်း အမြဲတမ်းပါပဲ။

ပြီးခဲ့တဲ့နှစ်လလောက်ကလည်း Churchထဲက pianoကိုသွားတီးလို့ အရိုက်ခံရကာ ငိုယိုလာတယ်။ ဒါနဲ့ ချော့မော့ပြီး ကသစ်နီကပဲ စစ္စတာကြီးဆီအပူကပ်ကာ သော်တာငယ်..pianoတီးခတ် သင်ကြားခွင့်ရအောင်ဖန်တီးပေးခဲ့သေးတယ်လေ။

ဒီမယ်သိလိုက်ကြရတာက သော်တာငယ်..လေးက အဲ့ဒီဘက်မှာ အထုံပါရမီပါလာသူတဲ့သူဆိုတာပါပဲ။ နှစ်လအတွင်းကို သင်ပေးသမျှ Noteတွေကို ပိုင်ပိုင်နိုင်နိုင်ပင်တီးခတ်လာနိုင်ခဲ့ခြင်းကသက်သေပြခဲ့ပါတယ်။ ၈နှစ်အရွယ်ကလေးမလေးတယောက်အနေနဲ့ဆို အံ့ဩစရာတောင်ကောင်းနေသည်မလား။

Love Then LoveWhere stories live. Discover now