Chapter (16)Uni

107 6 0
                                    

"မာရု..ချစ်တယ်ဆိုတာက ဘယ်လိုအရာကိုပြောတာလဲ"

"ယူရီ့..မေးခွန်းက လိုအပ်နေသေးတယ်လို့ မာရု..ထင်တယ်"

"ဘာကိုပြောတာလဲ မာရု.."

"လူတိုင်းကချစ်ဖူးကြတယ်လေ ဒါပေမယ့် ဘယ်လိုချစ်တာလည်း ဘယ်လောက်ချစ်တာလဲ ဘယ်အထိချစ်နိုင်မလဲ ဒါမျိုးလည်းရှိတယ် ယူရီ.."

"Aww..အချစ်ဆိုတာက ချစ်တယ်ဆိုရုံနဲ့မပြီးတဲ့အရာပေါ့"

"ခစ်ခစ် ယူရီ..ပြောတာလည်းဟုတ်ပါတယ် အချစ်ဆိုတာက စကားလုံးအနည်းငယ်နဲ့ရေးချလို့ရပေမယ့် အဓိပ္ပါယ်အနေနဲ့ ဖော်ပြကြတဲ့အခါ အများကြီးဖော်ပြလို့ရတဲ့ခံစားချက်မျိုးလေ"

"နည်းနည်းထပ်ပြောပြပါလား မာရု..ယူရီ..သိပ်နားမလည်ဘူးဖြစ်နေလို့ပါ"

"လူတယောက်နဲ့တယောက်ချစ်ကြပုံချင်းမှမတူကြတာ ယူရီ..ရဲ့ ဒီတော့ လူနှစ်ယောက်ကချစ်ကြပြီပဲထား သူတို့မယ် သူတို့အကြောင်းပြချက် သူတို့ခံစားချက်ဆိုတာကရှိတယ်လေ အဲ့အရာတွေက တခြားသောလူနှစ်ယောက်ရဲ့အချစ်နဲ့တူချင်မှတူနိုင်မယ်မလား"

"ဟုတ်တယ် တချို့ကျချစ်ကြတယ် ပေါင်းဖက်ကြတယ် တချို့ကျတော့ ချစ်ပေမယ့် ပေါင်းဖက်ခွင့်မရကြဘူးနော်"

"အင်း တကယ်ချစ်ကြပြီဆို ပေါင်းဖက်ဖို့ကအဓိကအရာလို့ပြောနိုင်ပေမယ့် တချို့ မာရု..သိတဲ့ချစ်ခြင်းတွေမယ် ဝေးကွာသွားတောင်မှ သူတို့ရဲ့အချစ်တွေက ပျက်စီးမသွားကြဘူး"

ယူရီ..မာရု..ပြောတဲ့ အဲ့ဒီစကားကိုနားထောင်ရတော့ စင်သီယာ့..ပြောခဲ့တာတွေကို နားထဲပြန်ကြားယောင်လာတယ်။ သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်ခြင်းကတောင် စင်သီယာ့..တို့ရဲ့ချစ်ခြင်းကို မရပ်တန့်နိုင်ခဲ့ဘူးလေ။ စင်သီယာ..ကပြောတယ် သူမနောင်တဆိုတာမရဘူးတဲ့ ဒါကသေရင်တောင် သူမ ချစ်နေမယ်ဆိုတာမျိုးပဲမလား။

"ယူရီ..ဘာလို့ ဒါမျိုးမေးရတာလဲ"

"ဘာမှတော့မဟုတ်ပါဘူး သိချင်ရုံသပ်သပ်ပါ"

"ယူရီ.. မယ်ရီ့..ကိုသဘောကျနေတယ်မလား"

"မာရု.."

Love Then LoveWhere stories live. Discover now