"အမက အရမ်းစားနိုင်တာပဲနော် ဟီဟီ"
"အဟား..စိတ်မပူပါနဲ့ မယ်ရီ..ရဲ့ အမရှင်းမှာပါနော်"
"ဟာ.. မယ်ရီ..အဲ့သဘောပြောတာမဟုတ်ပါဘူး အမစားနေတာမြင်ပြီး ဒီတိုင်းစားနိုင်တာမြင်မိလို့ပါ"
"Haha..အမကလည်း နောက်တာပါ ဒီလို မယ်ရီ..ရဲ့ အမက တနပ်တည်းအပြီးစားတတ်တာကြောင့်လေ"
"တရက်ကိုတနပ်တည်းစားတာပေါ့ ဒါဆို"
"အင်းပေါ့ Mainအနေနဲ့တနပ်ပဲအဝစားတယ် ပြီးတော့ ကော်ဖီလေး သရေစာလေးလောကျနဲ့ပွီးသှားတာလေ"
"Aww"
ဒီနေ့မယ်ရီ..ကျောင်းကပိတ်တော့ ကျောင်းသွားရတဲ့သဇင်..နဲ့အတူ မနက်စာမစားဖြစ်ကြဘူး။ ဒါနဲ့ မာရု..ဆိုင်ကို မယ်ရီ..တယောက်တည်းသွားမယ်စီစဉ်နေတုန်း ဖုန်းလာတယ် ဆက်လာတဲ့သူက မနေ့က Mini Marketမယ်တွေ့ပြီး ခင်သွားတဲ့အမ။ သူက မနက်စာအတူစားမလားပြောလာတာနဲ့ လက်ခံပြီး မာရုဆိုင်ပဲရောက်လာကြတယ်လေ။
စားရင်းသောက်ရင်း စကားတွေပြောရင်းပေါ့ ဒီအမနဲ့စကားပြောရတာ တကယ်အပေါက်အလမ်း အလွန်တည့်ပါတယ်။ အကုန်နှံစပ်နေတဲ့သူလိုပါပဲ ခုလည်း Mangaတွေ Animeအကြောင်းတွေ ပြောကြတော့လည်း စကားဝိုင်းကို သူမကပဲ ဦးဆောင်ပြောဆိုနိုင်တယ်လေ။
"အဲ့MC(Main character)က လုံးဝသုံးမရပါဘူး တကားလုံးပဲ"
"ဒါမယ့် သူ့ပဲအကုန်ဝိုင်းကြိုက်နေကြတာလေ မယ်ရီ..လည်းကြည့်ရင်းအသည်းတွေကိုယားနေတာပဲ"
"မယ်ရီ.. Yuriဘက်ကော ကြည့်ဖြစ်လား"
"ဟီး😁 Favouriteလေ တော်တော်များများကြည့်တယ်"
"Aww..Strawberry panicကြည့်ပြီးပြီလား"
"အဲ့တာ ၂ပိုင်းပဲကြည့်ရသေးတယ် မယ်ရီ..ဒီရောက်လာပြီး Animeနဲ့ဝေးနေတယ်"
မယ်ရီ..လည်း ကိုင်ဒီနဲ့စကားတွေပြောရင်း ဆိုင်ထဲ ယူရီ..ဝင်လာတာကိုတွေ့လိုက်တော့ စိတ်ထဲကပျော်သွားပေမယ့် သူ့ကိုစိတ်ဆိုးနေတာမို့ အကြည့်ကိုလွဲပြီးနေလိုက်တယ်။ ယူရီ..က မယ်ရီ..တို့ဝိုင်းနားကဖြတ်ပြီး အနောက်ကိုဝင်သွားတယ် မာရု..အခန်းဘက်ကိုပါ။
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...