Chapter(5)Zgy

75 6 0
                                    

အချိန်က ညနေ၃နာရီခန့်...၊နေရာက တိုကျိုမြို့ရဲ့မြို့ပြင်ဘက်မှာရှိတဲ့ လမ်းမကြီးရဲ့ တနေရာမယ်ပေါ့။ ဒီလမ်းမကြီးအတိုင်း ကား၃စီးကမောင်းနှင်လာတယ် ကားထဲမယ်ပါလာသူက....

ယူဇူနို တာကီရို..ဆိုသည့် အသက်လေးဆယ်အရွယ်လူတယောက် သူက တိုကျိုမြို့မျက်နာဖုံးသူဌေးစာရင်းဝင် အလှူအတန်းရက်ရောသူ သဘောကောင်းသူပေါ့။

အဲ့ဒီမျက်နာဖုံးအောက်မယ်တော့ သူက ရာကူဇာဂိုဏ်းကွဲတဖွဲ့ဖြစ်တဲ့ ကတ်ဆုကီ ဂါတာ(Ketsueki Gata)ခေါ် Blood typeလို့အများသိကြတဲ့ ဂိုဏ်းရဲ့အကျိုးတော်ဆောင်အဖွဲ့ဝင်တဦးလည်းဖြစ်သည်။

ဒီလောကမယ်က အာဏာနဲ့အဖွဲ့အစည်းခိုင်ခိုင်မာမာရှိသူတွေအဖို့တော့ ဘိန်း ကိုကင်းအစပြုပြီး မူးယစ်ဆေးပေါင်းစုံ ရှေးဟောင်းပစ္စည်းနဲ့နောက်ဆုံးလူကျွန်တွေအစရှိသည့် ကြိုက်နှစ်သက်ရာ တရားမဝင်လုပ်ငန်းတွေကို ကျယ်ပြန့်စွာပင် လုပ်ကိုင်နေနိုင်ကြတယ်လေ။

ကားထဲမယ် တာကီယိုက သူဝယ်လာတဲ့ ရှေးဟောင်း ပန်းပုရုပ်ကို မက်မက်မောမောထုတ်ပြီးကြည့်မဝဖြစ်နေတာပေါ့။ ဒါကိုသူရှာနေတာကြာပြီလေ ဒါကြောင့် သတင်းရတာနဲ့ ကိုယ်တိုင်ကိုယ်ကျသွားပြီးအရောင်းအဝယ်လုပ်လာရတာမလား အခုတော့သူ့လက်ထဲရောက်လာပြီဆိုပြီးပီတိတွေဝေဖြာနေတာပေါ့။

မကြာခင် သူ့အိမ်တော်မယ် Partyပေးရမယ် ပြီးရင် လာသမျှလူကိုကြွားမယ်ဆိုတဲ့အတွေးကလည်း တာကီရို..မယ်က ရှိနေပြီးသားလေ။ ဒါပေမယ့် ဒါတွေကဖြစ်လာမယ့်ကိစ္စတွေ မဟုတ်တော့ပါဘူး ဘာကြောင့်လည်းဆိုတော့....

<တီ.......တီ.....တီ>

ရှေ့ဆုံးကားက ဟွန်းတီးပြီး ရပ်တန့်လိုက်တော့ အလယ်က တာကီရို..စီးနင်းလိုက်ပါလာတဲ့ကားပါရပ်လိုက်ရတာပေါ့ ဒီတော့ တာကီရိုလည်း....

"ဟေ့...ဘာဖြစ်တာလဲ ကားဘာလို့ရပ်တာလဲကွ"

"ကားဘီးပေါက်သွားလို့ပါ ဆရာကြီး"

"ဘာကွ..မင်းတို့သေချာမစစ်ဆေးခဲ့ဘူးလား စောက်လုပ်ကိုဘယ်လိုလုပ်နေတာလဲ ခွေးမသားတွေ"

ရုတ်တရက်....

"ဆရာကြီးကို ကာကွယ်ကြ ဒါလုပ်ကြံတာ"

Love Then LoveWhere stories live. Discover now