Chapter (30)Uni

102 9 0
                                    

တနင်္ဂနွေနေ့တိုင်း နတ်ကွန်းကို မာရုကီ..လာလေ့ရှိတယ်။ပြီးရင် လုပ်ဆောင်စရာရှိတာတွေ၊ ဆုတောင်းမှုတွေလုပ်ပြီးနောက် ဆိုင်သို့ပြန်ရန် အရင်ဆုံးကျောက်လှေကားတွေမှတဆင့် နတ်ကွန်းအဝင်မုဒ်ဦးကိုသွားနေရင်း အတွေးတချို့ကို မာရုကီ..တွေးလာခဲ့တယ်။

သူမတွေးနေတာကတော့ ယူရီ..နဲ့မယ်ရီ့..တို့ဘယ်လိုရှေ့ဆက်ကြမလည်းဆိုတာကိုပေါ့။သူချစ်နေမိပြီဆိုတဲ့စကားကို စိုးရိမ်ပူပန်မှုတွေနဲ့အတူ ကိုယ့်ကိုပြောလာတုန်းက ယူရီ့..ကို မာရုကီ..စာနာမိပါတယ်။ဒီမိန်းကလေးဟာ ဒီအချစ်ဆိုတဲ့အရာနဲ့ပတ်သတ်ပြီး အဆုံးစွန်ဆုံးဖိနိုပ်ခံခြင်းမျိုးနဲ့အသားကျလာရတဲ့သူပင်မလား။

အခု ယူရီ..က သူမနဲ့မယ်ရီ့..ရဲ့ အနာဂါတ်အတွက် တရက်ကလာပြီးတိုင်ပင်လာတယ်လေ။ယူရီ..ပြောတာကိုနားထောင်ပေးပြီးနောက် မာရုကီ..မယုံနိုင်လောက်အောင်ဖြစ်သွားရတာကတော့ ယူရီ့..ကိုပါပဲ။

ယူရီ..က သူ့ကိုယ်တိုင်တောင် သူ့မယ်ဘယ်တော့မှရှိလာနိုင်မှာမဟုတ်ဖူးလို့ ထင်မှတ်ထားခဲ့တဲ့ ချစ်ခြင်းတရားက မယ်ရီ့..အပေါ်၌သွားဖြစ်တည်နေတယ်။ပြီးတော့ အချိန်တိုအတွင်းမယ်ကို ဒီနှစ်ယောက်ကတယောက်တည်းလို တထပ်တည်း၊ တသားတည်းကျသွားတယ်လေ။

တဖက်က မယ်ရီ..လေးကလည်း ယူရီ..အားလုံးဖွင့်ပြောပြပြီးခဲ့တာတောင် စွန့်ခွာမသွားဘူးဆိုကတည်းက သူမအချစ်ရဲ့အတိုင်းအဆကို မာရုကီ..ခန့်မှန်းလို့ရနိုင်ပါတယ်။ကိုယ့်ရဲ့ရင်ထဲကတော့ ရှေ့ဆက်ကြဖို့အတွက်အားပေးချင်ပေမယ့် တကယ့်လက်တွေ့မယ်တော့ သူကြိုးစားသွားမယ်လို့ပြောခဲ့တဲ့ ယူရီ့..ရဲ့ စကားအတွက် ရင်လေးနေမိတာအမှန်ပါပဲ။

ယူရီ့..အကြောင်းအားလုံးနီးပါးသိခွင့်ရထားတဲ့ မာရုကီ..အတွက် ဒီလိုခံစားနေရတာမဆန်းဘူးလို့ပြောနိုင်ပါတယ်။လမ်းလျှောက်
စဥ်းစားရင်းကပဲ မကြာခင် နတ်ကွန်းမုဒ်ဦးကိုရောက် မာရုကီ..ရောက်လာခဲ့တယ်။ဒီအချိန်မယ်....

"မစ်မာရုကီ.."

"Aww "အာကီရာမာ"(ကိုင်ဒီ)ပါလား လာပြီးဆုတောင်းတာလား"

Love Then LoveWhere stories live. Discover now