တိုကျိုနယ်နိမိတ်ရဲဌာနအတွင်း၌ ရဲချုပ်ကြီး ဒိုင်ဂို အိုဆာဂီ(Daigo Osagi)..တယောက် စိတ်တွေအတော်ကိုညစ်နေရပါတယ်။ သူတို့မှာ ရှင်းလိုက်ရတဲ့ မှုခင်းကိစ္စတွေဆိုတာ ပြောရမယ်ဆိုပြီးမှာကိုမဟုတ်တော့ပါဘူး။
ဒါတွေဖြေရှင်းနေရတာ အသက်ရှုဖို့အချိန်တောင်မရရတဲ့အထဲ အထက်ကတာဝန်ဆိုတာတွေက ခနတိုင်းလာပေးနေတော့ တခါတခါဆို ဒီအလုပ်ကိုစိတ်ကုန်လာတယ်လေ။ အခုတော့ စိတ်ထဲကကြိမ်ဆဲနေရုံသာတတ်နိုင်တော့တယ်မလား လက်တွေ့မယ်တော့ ဟုတ်ကဲ့ဆရာသာပြောနေရတော့တာပေါ့လေ။
"ဆရာအိုဆာဂီ..ဆရာပြောထားတဲ့သူရောက်နေပါပြီ"
"အထဲကိုသာလွှတ်လိုက်တော့ကွာ"
"ဟုတ်"
အထက်ကအမိန့်ကျလာတယ် သူ့ဆီ အထူးအေဂျင့်တယောက်လွှတ်လိုက်တယ် လိုအပ်တာအားလုံးစီစဉ်ပေးဖို့ပြောတယ်လေ။ သူတို့က အပြောလေးနဲ့ခိုင်းလိုက်တာပါ အဲ့လို အထူးဆိုတဲ့လူစားမျိုးတွေကို အိုဆာဂီ..လုံးဝကိုသဘောမကျပါဘူး။ ဆရာကြီးအထာနဲ့လေးစားရကောင်းမှန်းသိတဲ့လူတွေမဟုတ်တာကို နှစ်သုံးဆယ်အတွေ့အကြုံအရ အိုဆာဂီ..သိနေတယ်လေ။
"တွေ့ရတာ ဝမ်းသာပါတယ်ရှင့်"
"Hmm..ဘယ်...ဘယ်လို"
စိတ်ကမကြည်မလင်နဲ့လျှောက်တွေးတောနေတုန်း ဝင်လာတာတောင်သတိမထားမိပဲ အသံကြားခါမှ အိုဆာဂီ..တယောက်မော့
ကြည့်မိတော့ အံ့ဩသွားရတယ်။ မြင်လိုက်ရတာက စမတ်ကျကျနဲ့ငယ်ရွယ်လှပတဲ့မိန်းကလေးတယောက်လေ ရုတ်တရက် နားမလည်ဘူးဖြစ်နေတယ်။"မိန်းကလေးက..ဘာကိစ္စများ..."
"ရဲချုပ်ကြီးဆီကို ကျမရောက်မယ်လို့ပြောထားတယ်မလား"
"အထူးအေဂျင့်ဆိုတာ..နေပါဦး မိန်းကလေးက အဲ့တယောက်လား"
"ဟုတ်ပါတယ် အေဂျင့်အမှတ် ၂၃၅ ဟီရိုရှိးမား စုံထောက်သင်တန်းဆင်း အိုဆာကာရုံးချုပ်လက်အောက်ကနေအလုပ်လုပ်နေတဲ့ အသက်၂၈နှစ် နာမည်က အာကီရာမာ ကိုင်ဒီ(Akiyama Kaide)လို့ခေါ်ပါတယ် ကျမရဲ့infoမကြည့်ထားဘူးလား"
"ဒါက.."
"ခစ်ခစ် ကျမနားလည်ပါတယ် ကြည့်မရတဲ့သူတွေရဲ့အချက်အလက်တွေကို ဖတ်ရမှာဘယ်စိတ်ပါပါ့မလဲ"
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...