Chapter(4)Uni

209 15 0
                                    


မာရုကီ..ပိုင်ဆိုင်တဲ့စားသောက်ဆိုင်က အိမ်နဲ့တွဲဖွင့်ထားတာမလို့ အေးအေးဆေးဆေးနဲ့အနားယူလို့အဆင်ပြေတယ်။ ခုလည်း နေ့လည်စာစားပြီးနောက် မာရု..အခန်းရဲ့အပြင်ဘက်က ဝရံတာရှိ ကြမ်းပြင်လေးပေါ်ထိုင်ကာ တိတ်ဆိတ်မှုနဲ့မိတ်ဆွေဖွဲ့ပြီး နေရတာမျိုး ယူရီ..သဘောကျတယ်။

စီးကရက်လေးကိုဖွာရင်း မနက်ကတွေ့ရတဲ့ကောင်မလေးက မျက်စိထဲပေါ်လာတော့ တယောက်တည်းပြုံးမိတယ်။ အစကတော့ ရန်တွေ့တော့မယ့် ခပ်စွာစွာပုံစံလေးက
ကိုယ့်ကိုမြင်မှ ပြောင်းလဲသွားတာကိုတော့ ဘာကြောင့်ရယ် ယူရီ..နားမလည်ပါဘူး။

ယူရီ..ထွက်သွားပြီးမှ မြန်မာလို လှမ်းအော်ပြောလိုက်တဲ့စကားကြောင့် အဲ့ကောင်မလေးဘာလဲ ယူရီ..သိလိုက်ရတာပေါ့။ သူလေးကတော့ဘယ်သိမလဲ ယူရီ..က မြန်မာလိုကောင်းစွာပြောတတ်သူ ဂျပန် မြန်မာကပြားဆိုတာကိုလေ။

နောက်ပြီး ယူရီ..သတိထားမိခဲ့တာက သူမရဲ့ဝိုင်းစက်နေတဲ့မျက်လုံးလေးတွေကိုပါ။ အဲ့လိုမျက်လုံးဝိုင်းလေးတွေကိုမြင်တိုင်း ကလေးငယ်ကိုသတိရမိတယ်။

(Flash Back)

"မမ ဒီမှာ မမဖို့ကောတဲ့ မေမေထည့်ပေးလိုက်တာ"

"ဝါး...ကောက်ညှင်းထုတ်တွေပါလား"

"မမ ကြိုက်တယ်မလား"

"ကြိုက်တာပေါ့...မမ အကြိုက်ကို ငယ်လေးပဲသိတယ်"

"သိတာပေါ့ မမရဲ့ ကိုယ့်မမ အကြိုက်ကိုမှ မသိရင် မမရဲ့ငယ်လေး ဘယ်ဟုတ်တော့မလဲ ဟုတ်ဖူးလား"

"ချစ်ဖို့ကောင်းလိုက်တာ..ဒါပေမယ့် မမကိုဘာမှမပေးလည်း ငယ်လေးက မမရဲ့ငယ်လေးအမြဲဖြစ်နေမယ့်သူပါ သိလား"

"မမကလည်း ငယ်လေးရဲ့ထော်အဲဘား(forever)မမပါနော်"

"စကားကလည်းတတ်လိုက်တာ..လာ ပူတုန်းလေးစားကြမယ် ဖက်တွေ မမဖယ်ပေးမယ်"

အသက်၈နှစ်အရွယ်ကလေးမလေးက ၁၃နှစ်အရွယ်ကောင်မလေးခွံကျွေးနေတဲ့ကောက်ညှင်းသပ်သပ်သာပါတဲ့ ကောက်ညှင်းထုပ်ကို ပျော်ရွှင်စွာပဲစားလို့နေတယ်။ သေချာတာက အဲ့နေရာမယ် တခြားကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ စားစရာမုန့်တွေသွားပေးလည်း ဒီကလေးမလေးက အဲ့ဒီကောက်ညှင်းထုပ်ကိုပဲ မက်မောနေမှာဖြစ်သလို တဖက်က မိန်းကလေးကလည်း ဒီသဘောအတိုင်းပဲဆိုတာကို ရင်းနှီးကျွမ်းဝင်တဲ့သူတွေက သိထားကြတယ်။

Love Then LoveWhere stories live. Discover now