"အဲရစ္ကာ.. စကားခနလောက်ပြောရအောင်"
"ယူရီ..ဘာပြောချင်လို့လဲ"
"ပြောချင်တာက အဲရစ္ကာ..ဘာတွေလုပ်နေလဲဆိုတာကိုပါ"
"ဘာသဘောနဲ့မေးတာလည်း ယူရီ.."
"နင်အရင်နဲ့မတူဘူးလို့ ငါမြင်နေရတယ်"
"ခစ်ခစ် အမှန္က ဒီစကားကို
အဲရစ္ကာ..ပြောရမှာလို့ ယူရီ..မထင်ဖူးလား""ငါစကားအကောင်းပြောနေတာပါ အဲ
ရစ္ကာ.."ဟီကာမီ..ပြောပြပြီးနောက် ရက်အနည်းငယ်လောက် အဲရစ္ကာ့..ကို ယူရီ..စောင့်ကြည့်မိတယ်။ဘာပဲဖြစ်ဖြစ် ဟီကာမီ..၊အဲရစ်ကာ..တို့ဆိုသည်မှာ ယူရီ့..အတွက် သွေးသားမတော်စပ်တဲ့ ညီအစ်မတွေလိုပါပဲ။
သေမင်းခံတွင်းဝလို့ဆိုနိုင်လောက်တဲ့ အသက်ဘေးအန္တရာယ်တွေကို အတူကျော်ဖြတ်လာခဲ့ကြပြီးနောက် သူတို့အစုအဖွဲ့မယ် လက်ရှိသုံးယောက်သာကျန်ရစ်တော့သည်မလား။ ဒီရင်းနှီးမှုသံယောဇဥ်တွေကို လက်လွတ်စပယ်ပစ်ချလိုက်ဖို့ ယူရီ့..အတွက်မလွယ်တာသေချာပါတယ်။
"ယူရီ..ဒဲ့ပြောကြည့်လေ အဲရစ္ကာ..ဘာ
တွေပြောင်းလဲနေတာမြင်လဲ""ဒါအရေးမကြီးပါဘူး အဲရစ္ကာ့..လွတ်လပ်
ခွင့်ကို ယူရီ..စွတ်ဖက်မှာမဟုတ်ဘူး ဒါပေ
မယ့် အန္တရာယ်ဖြစ်စေလာနိုင်တာမျိုးတွေဖြစ်မလာအောင်သတိပေးတာပါ""အကယ်လို့ ဟုတ်နေရင်ကော
အဲရစ္ကာ..အန္တရာယ်ရှိတာမျိုးလုပ်နေတယ်ဆိုရင်ကော ယူရီ..ဘာလုပ္မလဲ""အဲရစ္ကာ...စကားကိုကောင်းကောင်းပြောပါ"
"ချစ်တယ်..."
"ဘာ"
"ဒါ နင်..ပြောတဲ့အန္တရာယ်မလား"
"အဲရစ္ကာ.. တော်တော့"
"ဘာလဲ ယူရီ..က အဲရစ္ကာ့..ကို သတ်မို့လား"
"နင်..နင် ဘာလို့ဒီလိုပြောရတာလဲ၊ နင့်အထင် နင်တို့အထင် ငါကအဲ့လိုလူစားဖြစ်နေရတာလား"
"အထင်တွေကို ဂရုစိုက်နေရင် ငါတို့ဘဝက နေလို့တောင်ရမှာမဟုတ်ဘူး ယူရီ..၊ ငါပြောမယ် ငါနင့်ကိုချစ်တယ်ယူရီ.. ဒါကိုနင်သိပြီးသားပါ"
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...