Chapter (21)Zgy

38 6 2
                                    

ယူရီ..ညနေလောက်ကျတော့ မယ်ရီ့..ကို တိုက်ခန်းကိုပြန်လာပို့လိုက်တယ်။ သူ့ပါးလေးကို တရွှတ်ရွှတ်ဝအောင်နမ်းပြီးမှ အပေါ်တက်သွားတဲ့ မယ်ရီ့..ကြောင့် ယူရီ.. ကြည်နူးရပါတယ်။ မယ်ရီ..နဲ့ပတ်သက်ရင် ယူရီ့..အတွက် အရာရာပျော်ရွှင်နေရတယ်။ မယ်ရီ..နဲ့အခုလိုအမြဲအတူရှိနေရတော့ တယောက်အကြောင်းတယောက် တယောက်အကြိုက်တယောက်ဆိုတာထက် မယ်ရီ..ကပဲ ပိုပြီး ယူရီ့ကိုနားလည်ပေးနိုင်သူဆိုတာ ယူရီ..သိပါတယ်။

မယ်ရီ..က မကောင်းတဲ့အရာဆိုတာမရှိလောက်အောင် အပြစ်ကင်းစင်လွန်းသူလေး
ပါ။ ယူရီ့..ကို အခက်တွေ့စေတာမျိုးလုံးဝမလုပ်တတ်ဘူး။ ပြောရရင် ယူရီ..စောင့်ထိန်းပြီး ထိန်းချုပ်နေရတဲ့ နောက်ဆုံးကြောက်ရွံရတဲ့ အချစ်ဆိုတာကို မယ်ရီ့..ဆီမယ်တွေ့နေရပါတယ်။

ကားထဲထိုင်ပြီး မောင်းမထွက်သေးပဲ အတွေးတွေပွားနေတုန်း ကားတံခါးနား လူတယောက်ရောက်လာကာ...

"ဘယ္လိုလဲ ယူရီ.. မယ်ရီ့..ကို ပြန်လိုက်ပို့ပေးတာလား"

"Aww.. ကိုင်ဒီ..ပါလား ဟုတ်တယ် ဒီနေ့အပြင်သွားကြတာလေ"

"ကောင်းပါတယ် အန္တရာယ်ရှိလာရင်တောင် ကာကွယ်နိုင်တဲ့ယူရီ့..ဘေးမှာရှိနေတာ မယ်ရီ့..အတွက် ဝမ်းသာစရာပါ"

"ဘာကိုဆိုလိုတာလဲ ကိုင်ဒီ.."

"မယ်ရီ..လေးက အရမ်းချစ်စရာကောင်းသလို အပြစ်လည်းအရမ်းကင်းစင်တယ် ဒါက သူ့ဖြစ်တည်မှုလေးမှာဆိုပြောတာနော်"

"မယ်ရီ..က ဘယ်လိုမိန်းခလေးမျိုးဆိုတာ ကိုယ်သိပါတယ်"

"ရေသန့်သဘောပေါ့ ရေသန့်ထဲကို အရောင်ဆိုးဆေးလောင်းထည့်လိုက်မယ်ဆိုရင်တော့ သန့်နိုင်ပါဦးမလား"

"ဒါက အခြေအနေအရ ရောစပ်သင့်တဲ့အပေါ်မယ်မူတည်တယ်ထင်တာပဲ"

"သာမာန်ကုန်သည်"ကာဇူအို"မျိုးရိုးဆီမယ် တိုက်ခိုက်ရေးကို ကျွမ်းကျင်အဆင့်ဆိုတာထက်လွန်နေအောင်တတ်တဲ့ သမီးဖြစ်သူရှိနေတယ် သမီးလို့ပြောရတယ်ဆိုပေမယ့် မျိုးရိုးအမည်ခံထားတဲ့အထောက်အထားကလွဲရင် ကျန်တဲ့ဘာအချက်အလက်မှမတွေ့ရဘူး တခြားမောင်နှမ၄ယောက်နဲ့အတူပေါ့ ဒါက...သိချင်စရာကောင်းလွန်းနေတယ်"

Love Then LoveWhere stories live. Discover now