Unicode /—
ကြယ်တွေစုံပြီးလရောင် လင်းထိန်းလျက်ရှိသော ဆိုလ်းမြို့ရဲ့ ညတစ်ည။ရုတ်တရက်ချက်ချင်းဆိုသလိုအမှောင်ကျသွားခဲ့သည်။မိနစ်အနည်းငယ်လောက်ကပင် သာယာလျက်ရှိသော လမင်းကြီးသည်လည်း တလက်လက်တောက်ပနေသောကြယ်လေးတွေနှင့်အတူ တရိပ်ရိပ်တတ်လာသော မိုးတိမ်သားတို့အနောက် အပြေးအလွှား ခိုဝင်ကုန်ကြသည်။
'ဂျိမ်း'
'အမလေး..'
ကျယ်လောင်စွာထွက်ပေါ်လာသောမိုးချိန်းသံကြောင့် Baekhyun ရဲ့ခန္ဓာကိုယ်လေး အ
နည်းငယ်တုန်တတ်သွားသည်။ လျှပ်စီးတလက်လက်ဖြင့် မိုးသံရော လေသံပါရောပါလာသောကြောင့် ဒီနေ့သေချာပေါက် မိုးရွာပေတော့မည်။'မိုးကလဲ..ဘာလို့ဒီနေ့မှလည်း။ငါထီးမပါဘူးလေကွာ..'
အချိန်ပိုင်းအလုပ်သမားလေး Baekhyun က ဒီနေ့လည်း D.O အစားအချိန်ပိုထပ်ဆင်းပေးနေရခြင်းဖြစ်သည်။ ပုံမှန်ဆို ည7နာရီ အလုပ်ဆင်းနေကြဖြစ်ပေမဲ့ ဒီနေ့ လူနည်းနည်းများတာကြောင့် 10နာရီစွန်းစွန်းသို့ရောက်နေခြင်းဖြစ်သည်။ ဒီလိုနေ့မျိုးမှာမှ မိုးကရွာ ထီးကမပါနှင့် Baekhyun မိုးရေထဲ စက်ဘီးနှင်းပြန်ရပေတော့မည်ကို စိတ်ပျက်စွာတွေးလျက် စက်ဘီးရပ်ထားသောနေရာသို့လျှောက်လာခဲ့သည်။ မြင်လိုက်ရသည့် မိမိစက်ဘီးအခြေနေကြောင့် မိုးရေထဲ ပြန်ရမည့်Baekhyun ထိုင်သာငိုချပြစ်လိုက်ချင်တော့သည်။
အကြောင်းမှာ အထပ်ထပ်အခါခါ ဖာထေးထားခြင်းခံရသော ရှေ့ဘီးရှိတာယာတို့သည် ဆန္ဒပြချေလေပြီ။ ရှေ့ကဘီးတစ်ခုလုံး ပြားချပ်ကာလေလျော့နေပြီဖြစ်သည်။ ထို့ကြောင့် စက်ဘီးကိုတွန်းကာ အိမ်ပြန်ရတော့သည်။ ဆိုင်ကထွက်ပြီးချင်း 5မိနစ်အကြာတွင် မိုးစရွာလေတော့
သည်။ စိတ်ညစ်ညစ်နှင့်စက်ဘီးကို တွန်းတာ မိုးရေထဲ ခပ်သွက်သွက်ပင်လျှောက်လာခဲ့သည်။ လမ်းမကြီးအတိုင်းမပြန်ပဲ လမ်းချိုးအကွေ့အတိုင်းပြန်ခဲ့သည်။ ဤလမ်းသည် Baekhyunရဲ့အိမ်ရှိရာ နေရာရောက်ဖို့ အချိန်အမြန်ဆုံးနှင့် အနီးဆုံးလမ်းဖြစ်သည် အနည်းငယ်လူပျက်ပေမဲ့ပေါ့။တဖြည်းဖြည်းနှင့်မိုးက သည်းသည်ထက်ပို၍သည်းလာသည်။ မိုးနှင့်အတူလေပါ ပါလာသောကြောင့် ဆက်သွားရန်အခြေနေမဟန်တော့ပေ ။ ထို့ကြောင့်အနီးနားရှိတိုက်ပျက် ကြီးတစ်ခုအောက်သို့ ပြေးဝင်ကာ မိုးခိုရတော့သည်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာပဲ ဆိုရမလားမသိ။ အချိန်ပိုဆင်းရသည့်နေ့မှ ပြဿနာပေါင်းစုံကို တတ်တော့သည်။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...