Episode-18(🚨)

700 28 29
                                    


"အရမ်းလေးမယ်လို့ထင်ထားတာ ထင်သလောက်လဲ မဆိုးပါဘူး"

Sehun ကို အိပ်ယာပေါ်..ပြစ်ချပြီးပြောလိုက်ခြင်းပင်ဖြစ်သည်။ ထို့နောက် ခါးအနည်းငယ်ကုန်းကာ..Sehunရဲ့ မျက်နှာကိုလက်ဖြင့် သုံးချက်လောက် ခပ်နာနာလေးးပုတ်ပြီး ထပ်သတိပေးနေမိသည်။

"ဒီမှာ Oh Sehun Shi ကိုယ်ပြန်ပို့ပေးပြီးပြီနော်။ကောင်းကောင်းအနားယူလိုက်တော့ ကိုယ်ပြန်တော့မယ်"

ခါးကို ပြန်မတ်ဖို့အလုပ် ဆွဲဖက်လိုက်သော Oh Sehun ။ ဖက်ပြီး တစ်ဖက်ကို လှိမ့်ချပြစ်လိုက်သည်။ ထို့နောက် Kai ကို ဖိထားလျက် ရင်ဘက်ပေါ်တွင် မှောက်ပြီး အိပ်နေသည်။ ပါးစပ်က တော့ဝူးဝူး ဝါးဝါးဖြင့် လျှောက်ပြောနေပြန်သည်။အနေအထားအရ ထပ်လျက်သားဖြစ်နေသော ခန္ဓာကိုယ် နှစ်ခု။နှင့် အနည်းငယ်ဝင်တိုက်မိထားသောကြောင့်ရှုံ့ပွနေသော အခန်းငယ်။

"ရားး..ဘာလုပ် တာလဲမင်း"

Sehun ဖိအိပ်ခြင်းခံထားရသော မိမိ၏ရင်ဘက်နေရာက အနည်းငယ်နွေးခနဲ ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့်သူ့ပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်လိုက်သည်။

"မသွားပါနဲ့ အင့်..ဟင့်"

"ဟင်...ငိုနေတာလား"

"ကျေးဇူးပြုပြီး သူ့ဆီမသွားပါနဲ့ Baekhyun..."

"မဟုတ်..ကိုယ်.က"

"ငါ့ကိုတစ်ယောက်ထဲ မထားခဲ့ပါနဲ့ကွာ"

အသည်းကွဲ နေတာကို နားလည်ပေမဲ့ Oh Sehun ကိုတော့ မသနားမိ။ သူ့မှာ အခွင့်ရေးတွေအများကြီးရှိခဲ့တာပဲ မဟုတ်လား။ သူ့က သူ့မှာရှိခဲ့တဲ့အခွင့်အရေးတွေအကုန်လုံးကို Baekhyun နာကြင်စေဖို့အတွက်ပဲ အသုံးချခဲ့တာကို။ အချိန်လွန်မှ နောင်တရပြီး ကိုယ့်ကိုကိုယ် အပြစ်တင်တတ်သည့် လူမျိုးက Kai မကြိုက်ဆုံးသော လူအမျိုးအစားထဲက တစ်ခုပင်ဖြစ်သည်။ဒါကြောင့်လည်း မသနားသည့်အပြင် အမြင်ကပ်မိသည်။

"Sehun ...မင်းအရမ်းမူးနေပြီ အိပ်လိုက်တော့"

"ငါ မ မူးဘူးလို့၊အဲ့အရည်တွေက ငါခိုးနမ်းခဲ့တဲ့ မင်းနှုတ်ခမ်းတွေလောက် ငါကိုမရစ်မူးစေဘူး။အဲ့တာကို မင်းသိရဲ့လား"

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now