Unicode... >>
ကိုယ်မြတ်နိုးရတဲ့ ကိုယ့်ရဲ့တစ်ယောက်သောသူကို တချိန်ကျရင်တော့ ကိုယ့်ရဲ့ တန်ဖိုးကို သိစေချင်တယ်။ ဒါပေမယ့် တန်ဖိုးမသိတတ်တဲ့ သူမှာ 'တချိန်ကျရင်' ဆိုတဲ့ နေ့ရက်မျိုးရှိမလာနိုင်သလို ၊ အချိန်လွန်နောင်တဆိုတာလည်း ရှိလာလိမ့်မှာမဟုတ်ဘူး။
ကိုယ့်ကိုမလိုချင်တဲ့သူတယောက်က ဘယ်တော့မှ ကိုယ့်ရဲ့တန်ဖိုးကိုသိလာမှာမဟုတ်ဘူး ။ ဘယ်တော့မှလဲ သိဖို့ကြိုးစားမှာမဟုတ်ပါဘူး။
မင်းလည်းအဲ့အတိုင်းပဲ ဘယ်တော့မှ ကိုယ့်ရဲ့စေသနာကို နားလည်မှာမဟုတ်ဘူး ။
ဒါပေမယ့်..ကလေးငယ်
မင်းရဲ့သဘောထားက ကိုယ့်အပေါ်ဘယ်လိုပဲရှိနေပါစေ ကိုယ်လက်ခံတယ် ။ ကိုယ်ဘက်ကပဲ ချစ်ပေးမယ် ။ အရာရာ ပေးဆပ် ပေးမယ်။မင်းအတွက် အကောင်းမွန်ဆုံးဆိုတာတွေကို ပဲလုပ်ပေးချင် နေမိတယ်။
မင်းက ကိုယ့်လုပ်ပေးတာတွေကို လက်ခံချင်မှလည်း လက်ခံမယ် ။ ကြည်ဖြူ ချင်မှလည်းကြည်ဖြူမယ် ။ မင်းလေးအတွက် လုပ်ပေးတာတွေကို မင်းလိုအပ်ချင်မှလည်း လိုအပ်လိမ့်မယ် ။ ဒါတွေ ကိုယ်မသိချင်ဘူး ။ သိဖို့လည်းမလိုအပ်ဘူး ။ တစ်ဖက်လူက ကိုယ်လုပ်ပေး နေတာတွေကို လိုချင် ရဲ့လား ဆိုတာ ဘယ်တော့မှ စဉ်းစား
နေမှာမဟုတ်ဘူး ။ ဘာလို့ဆို ကိုယ်က မင်းရဲ့အရာရာတိုင်းကို ဖြည့်ဆည်းပေးချင်နေမိတာမို့လို့ပဲ..။kai တစ်ယောက်...လက်တော့ပ် တစ်လုံးနဲ့ အလုပ်ရှုပ်နေသည်မှာ နာရီအတော်ကြာလောက်ရှိပြီဖြစ်သည် ။ Social Media မှာတတ်လာသမျှ သတင်းတွေ ကိုတစ်ခုမကျန် သေချာအာရုံစိုက်ကြည့်နေမိသည် ။ ခေါင်းစဥ်အမျိုးမျိုးနဲ့ တတ်လာသော ထိုသတင်းတွေ ၊ website ထဲတွေ ဝင်ကြည့် နဲ့ တစ်ယောက်ထဲ အားမလိုအားမရ ။ လက်သီးကိုလဲ ကျစ်ကျစ်ပါအောင် စုတ်ထားရင်း..ရင်တမမနဲ့ သတင်းတွေကိုဆက်ရှာကြည့်နေမိသည် ။
တခြားတော့မဟုတ်..Oh လုပ်ငန်းစုအကြောင်း နဲ့ Sehun အကြောင်းပင်ဖြစ်သည်။
စိတ်ပူလွန်းလို့ Ph တွေဆက်တိုက်ခေါ်နေလည်း..ထိုကလေးက စက်ပိတ်ထားသည်တဲ့လေ ။ ဆက်သွယ်လို့ရလည်းမြင်ရ ကြားရတဲ့သတင်းတွေကလည်းတစ်ခုမှအကောင်းမရှိ ။ ဒီကြားထဲ Oh အိမ်တော်ကို ချိတ်ပိတ်လိုက်တဲ့ ဘဏ်က Royal Park ဆိုတာသိပြီးတဲ့နောက် Kai ရင်ထဲမှာ..ပေါက်ကွဲလုစဲစဲ မီးတောင်ကြီးကို မြိုချထားရသလိုပင် ။ ဘယ်လို နည်းနဲ့မှ ဒီတိုင်းထိုင်မနေနိုင်တော့ပေ ။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...