Unicode /—
"Sehun...Sehun "
"ဘာလဲ.."
"ငါကိုကြည့်ဦး..ပြောစရာရှိလို့"
"ပြောစရာရှိ ပြောစမ်းပါကွာ အလုပ်ရှုပ်နေရတဲ့ထဲ "
"ကြည့်လို့ဆို ခဏပဲ လေနော်.."
"ကဲ ပြော..ဘာလဲ"
"ဟီး..ငါချောလား။"
မျက်တောင်လေးကို ပုတ်ခတ် ပုတ်ခတ်ဖြင့် Sehun ရှေ့မျက်နှာ မော့ကာမေးနေသူက Baekhyun ။ဆိုင်မှာလူများလို့ အလုပ်ရှုပ်နေသည်က တစ်မျိုး၊ ဒါကိုမအားမလတ်သည့်ကြားက အတင်းလူကိုကြည့်ခိုင်းပြီး မေးသည့်မေးခွန်းက 'ငါချောလားတဲ့ '။စိတ်ရှိတိုင်းသာ ကိုင်ဆောင့်ပြစ်လိုက်ရ ရင် Byun Baekhyun တော့ အရိုးတစ်ခြားအသားတစ်ခြားဖြစ်တော့မည်မှာ အမှန်ပင်။
"ဘာများလဲလို့ကွာ။ ဒီမှာ အလုပ်ရှုပ်နေတာကို အရေးတစ်ကြီး မေးတဲ့ မေးခွန်းကလဲ ပေါက်က ရ"
"ဖြေစမ်းပါကွာ ဘယ်လိုလဲ ငါဒီနေ့ချောလား။"
"မသိဘူး"
"ဟာ မင်းကလဲ တစ်ခါပဲလေကွာနော်။ ငါပြီးရင် ထပ်မနှောင့်ယှက်တော့ဘူး။ တကယ် ကတိ"
"မင်းကို ဘယ်သူဘာပြောလိုက်ပြန်ပြီလဲ Baekhyun ၊"
"ဟီး ဟီး..မပြောပါဘူး။လုပ်စမ်းပါကွာ ဖြေဖြေ ဘယ်လိုလဲ..ငါ"
"မချောဘူး။ "
"နည်းနည်းလေးတောင် မချောဘူးလား"
"အေး နည်းနည်းလေးတောင် မချောဘူး။ရွက်ကြမ်းရည်ကျိုရုပ်နဲ့ ကြည့်ကောင်းတယ် ဆိုရုံလောက်လေးပဲ ရှိတာ"
"ဟုတ်လား"
"ဒီထပ်ဆိုးတယ် မင်းရဲ့ ထွက်မလာတော့တဲ့ အရပ်နဲ့ ထူပိန်းနေတဲ့ liner တွေကြောင့် ပိုတောင်ရုပ်ဆိုးသေးတယ်။"
"ငါ.. ငါ Soo ကိုသွားကူပေးလိုက်ဦးမယ်။"
"Baekhyun... ya...ဒီကောင် ..အာ ဒီကောင်
ကောက်သွားတာလား။အရင်လည်း ငါဒီလိုပြောနေကြပဲကို "ကျောခိုင်းပြီးထွက်သွားသော Baekhyun ကို Sehun လိုက်ကြည့်မိရုံလေးပါ။
Sh pov: ဒါနဲ့ဆိုမင်း ငါ့ကိုကျောခိုင်းသွားတာ နှစ်ခါရှိပြီ Baekhyun ။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fiksi Penggemarချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...