Unicode...."တောင်းပန်ပါတယ်..Sehun.."
"Baekhyun..!!!"
.........
သုံးနှစ်ကြာပြီးနောက်..
"ငယ်...အေးတယ်လေအထဲဝင်ရအောင်"
"ခဏလောက်နေ ချင်သေးတယ်.... "
"ငယ်ကလဲကွာ..နေကောင်းတာလဲမဟုတ်ပဲနဲ့..ဘာလို့ခေါင်းအရမ်းမာရတာလဲ"
"ကျစ်..စိတ်ရှုပ်ဖို့ကောင်းတယ်.."
"ငယ်.."
"ဘယ်အချိန်ထိ..ဒီလိုနေနေမှာလဲ..ခဗျား မိန်းမဆီပြန်တော့.."
"ကိုယ်အကြိမ်ပေါင်းများစွာပြောခဲ့ ပြီးပြီ..လွန်ခဲ့တဲ့ သုံးနှစ်ထဲက...ကိုယ်တို့နှစ်ယောက်တရားဝင် ကွာရှင်းပျက်ဆဲလိုက်ပြီဆိုတာ.."
"....."
ဟုတ်ပါရဲ့..Hyung နဲ့သူ့အမျိုးသမီးက ကွာရှင်းလိုက်ကြပြီပဲ..ဒါတွေအားလုံးကလဲ..ကိုယ့်ရဲ့ပယောဂ မကင်းတာသိပေမဲ့..အဲ့အချိန်တုံးက မီးတောက်တွေကြားထဲ အတင်းပြေးဝင်သွားခဲ့တဲ့..Baekhyun ကိုပဲ ရူးမတတ်စိတ်ပူနေမိခဲ့တာ..
ပြဿနာတွေ အားလုံးပြီးသွားတော့..စာရွက်တစ်ချို့နဲ့အတူ Hyung ရဲ့အမျိုးသမီးဆိုသူ ရောက်လာခဲ့တယ်။ အဲ့အချိန်က..စိတ်နဲ့ကိုယ်နဲ့လုံးဝကင်းကွာနေခဲ့တဲ့ကိုယ် ကို Hyung ကအနီးကပ်စောင့်ရှောက်ပေးခဲ့တယ် ။
မှတ်မိသလောက်တော့..Hyung လုံးဝအိမ်မပြန်ခဲ့ဘူး..။ ပုံမှန်စိတ်အခြေနေမဟုတ်တဲ့ကိုယ်က..Hyung အမျိုးသမီးလာတာကို သိတော့သိပေမဲ့..ဘာပြဿနာ တွေဖြစ်ခဲ့ကြလဲ..မသိ။
တစ်ခုပဲ သိလိုက်တာက ထိုအမျိုးသမီးပြန်သွားတဲ့အချိန်..Hyung ကအပြုံးနွေးနွေးလေးတစ်ခုနဲ့..
"ကိုယ်က ငယ့်ဘေးနားမှာအမြဲတမ်းရှိနေမှာပါ "
လို့ပြောခဲ့တယ်ဆိုတာကိုပါပဲ ။
အတွေးတွေနဲ့..ငေးမောနေရင်..ကိုယ်ထိုင်နေတဲ့ ဝှီးချဲလေး..ရွေ့သွားတာကိုခံစားလိုက်ရတယ်။
ဝှီးချဲ လက်ကိုင်လေးကို ကျစ်နေအောင် ကိုင်ပြီးရွှေ့လျားစေသူကို မကြည်သလိုလေးမော့ကြည့်လိုက်တော့..အချိုသားဆုံးအပြုံးတွေနဲ့စီးကြိုနေလေရဲ့..။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...