Episode-35

208 20 10
                                    

Unicode.....

"K..ဒီနေ့ VVIP တွေနော်..ပုံမှန်ထပ် နှစ်ဆတောင်ပေးထားတာ..မျက်နှာပျက်အောင် မလုပ်ခဲ့နဲ့ဦး"

" အင်း..ဘယ်အချိန်လဲ "

"မင်းအလုပ်စဝင်ဝင် ချင်းပဲ သူတို့က ဒီတစ်ညလုံးမင်းရဲ့ အချိန်တွေကိုဝယ်ထားတာ.."

"တစ်ညလုံးကို..ဟုတ်လား..!? နှစ်ဆ ပေးပြီးတော့တောင် မှ"

"အေး..တော်ရုံငွေဖြုံးနိုင်တဲ့ သူတွေတော့မဟုတ်ဘူးဟေ..လုံးဝ ထိပ်တန်းမှ ထိပ်တန်းပဲ.."

"အင်း.."

နဲနဲတော့ မသင်္ကာစရာကောင်းနေပြီ ။ ပုံမှန်ဆို တစ်နာရီတောင်ဝမ် သိန်းကျော်ပေးရတဲ့ K ရဲ့အချိန်တွေကို တစ်ညလုံးစာအတွက်ဝယ်ထားတယ် ပြီးတော့ နှစ်ဆတောင်ပေးထားတယ်ဆိုပဲ။

ဟက် ဘယ်အိမ်တော်ကအမျိုးကောင်းသားလေးတွေလဲ..။

မယုံနိုင်လောက်တဲ့ ငွေတွေသုံးပြီး..K နဲ့လာပျော်ပါးချင်တာ..

......

ဒေါက်..ဒေါက်..ဒေါက်

ထုံးစံအတိုင်းပဲ တစ်ခါးသုံးချက်ခေါက်ပြီး..ဝင်လာလိုက်တယ်။ဝင်ဝင်ချင်း လုပ်နေကျအတိုင်းခါးအနည်းငယ်ကိုင်းပြီးနှုတ်ဆက်လိုက်တယ်

"K လို့ခေါ်ပါတယ်..လူကြီးမင်း ခဗျ"

ဒါကလဲ မဖြစ်မနေမို့လို့သာ ယဥ်ကျေးနေရတာ ပြီးရင်အကုန်လုံးက ရွံစရာသတ္တဝါတွေဖြစ်သွားကြတာကြီးပဲ ။ ဘယ်လောက်ပဲအထက်တန်းကျကျ ဘယ်လောက်ပဲဂုဏ်သတင်းကြော်ဇော်နေပါစေ ဒီအခန်းထဲရောက်ပြီး ဘယ်လောက်မှမကြာလိုက်ဘူး သူတို့ရဲ့ပုံစံအမှန်တွေက ဗူးပေါ်သလိုပေါ်လာကြတာပဲ ။ ဒီတစ်ခါရော..ဘယ်အိမ်တော်က ဘယ်လိုသတ္တဝါဆိုး များပါလိမ့်။

သို့ပေမဲ့..Oh Sehun ထင်ထားသလို လူမျိုးတော့မဟုတ်ခဲ့ပေ..

"Se..Sehunna"

မိမိ နာမည်ကို တစ်လုံးချင်းစီ ထိတ်လန့်တကြားခေါ်လိုက်တဲ့အသံ ။ ရင်းနီးနေကျ..ဟင့်အင်း ဘယ်တော့မှ မေ့မရခဲ့တဲ့ ဒီအသံ

"B..Baekhyun! !"

"Sehun..ငါ..ဟင့်..ငါလေ..အဟင့် "

ကိုယ့်ကိုမြင်တာနဲ့ မျက်လုံးမှေးမှေးလေးတွေ ပိတ်ကျသွားတဲ့အထိ တအင့် အင့်နဲ့..ငိုနေလိုက်တာများ..ကလေးလေးကျနေတာပဲ ။ ငိုနေရင်းနဲ့ တစ်ချက်တစ်ချက် ရှိုက်လိုက်တိုင်း ခန္ဓာကိုယ် သေးသေးလေးကပါ တုန်တုန်သွားတယ် ။ တကယ့်ကို မပြောင်းလဲသေးတဲ့ အရူးကောင်။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now