Episode-43(final)

382 16 0
                                    

Unicode....

ဒီတစ်ခါတော့ ကိုယ် ကိုယ်တိုင်ပဲ မင်းနဲ့ဝေးရမယ့်လမ်းကို ရွေးရလိမ့်မယ် ထင်တယ်။

ကိုယ်နဲ့ကျရင် မြင်ရဖို့ခက်ခဲနေတဲ့ အပြုံးတွေက တစ်ခြားတစ်ယောက်ရှေ့မှာကျတော့..ပေါပေါသီသီပေးနေလိုက်တာများ..တကယ့်ကို အလှူအတန်းရက်ရောတဲ့ကလေးငယ်လေးလိုပဲ..။ သိပ်ကိုပျော်ရွှင်နေတယ် ထင်ပါရဲ့။

တကယ်ဆိုကိုယ်ကပဲ မှားခဲ့တာပါ ။ တစ်ခြားသူရဲ့ ပိုင်ဆိုင်ပြီးသား အရာဖြစ်တဲ့မင်းကို ကိုယ်ကလိုချင်တပ်မက်မိတာ ။ အချစ်ဆိုတာ ကိုယ်က အရယူပြီးကိုယ်အတွက်ပဲဖြစ်နေရမဲ့ဆိုတဲ့ ကိုယ့်ရဲ့ အတ္တတွေအောက်မှာ မင်းကိုပိတ်လှောင်ထားခဲ့မိတာ ။

ယုတ္တိမရှိတဲ့ အမွေတွေ၊ စာချုပ်တွေ၊ ဟန်ဆောင်လက်ထက်တာတွေကို အကြောင်းပြ ပြီး..မင်းကိုရော...ကိုယ့်ကို ကိုယ်ကိုရော လိမ်ညာနေခဲ့မိတာ ။

ကိုယ်မင်းကို မချစ်ဘူးပေါ့..။ ဟင့်အင်း..မချစ်ဘူးဆိုတာထပ်..ကိုယ်မင်းကို ချစ်လာစရာအကြောင်းမရှိဘူးလို့..ကိုယ့်ကိုကိုယ် စိန်ခေါ်ခဲ့မိတာ ။

ဒါပေမဲ့..ကိုယ်က ပွဲမစခင်ထဲက  ရှုံးနှင့်နေပြီးသားပါ

မတော်တဆ တွေ့မိခဲ့တဲ့ အဖြူရောင်ကောင်လေးကို ကိုယ်မချစ်ခဲ့ဘူး။

ကိုယ့်ကြောင့် ကော်ဖီအပူလောင်သွားတဲ့ ကလေးငယ်ကို အဆင်ပြေရဲ့လား သွားကြည့်ခဲ့ပေမဲ့ တစ်ခြားသူရဲ့ ဂရုစိုက်မှုအောက်မှာ မျက်ဝန်းလေးတွေ အရောင်လတ်
နေတဲ့ မင်းရဲ့ အမူအရာတွေက ကိုယ့်စိတ်ကို မတင်
မကျဖြစ်စေခဲ့တယ်။

ကိုယ်အထင်ပါ..ကိုယ်ကိုတိုင်တောင်သတိမထားလိုက်မိတဲ့အချိန်တွေထဲက..မင်းက ကိုယ့်ရင်ဘက်ထဲမှာ တဖြည်းဖြည်းနေရာယူနေခဲ့တာ

ကိုယ်သတိ ထားမိလိုက်တဲ့အချိန်မှာ ..အရာအားလုံးကနောက်ကျသွားခဲ့ပြီ။ ကိုယ့်ရဲ့အခြေနေက စုတ်လဲဆူး..စားလဲရူးဆိုသလိုဖြစ်နေပြီ Baekhyunnie ။

မင်းက ဆူး တစ်ချောင်းနဲ့တူတယ် ။ ကိုယ့်နှလုံးသားထဲကို တစ်ရစ်ရစ်နဲ့ ဝင်လာတဲ့ဆူးတစ်ချောင်းပဲ ။ဖယ်
ထုတ်ဖို့လဲ ခက် ဆက်ထားဖို့ကျတော့လဲမလွယ် ။ ဘယ်လမ်းရွေးရွေးနာကျင်ရမှာ မှန်းသိတယ် ။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now