Episode-5

394 44 2
                                    

Unicode /—

"Baekhyunnie ရေ..သား ကဲ ဒီကလေးနဲ့ကွယ်..မပြီးသေးဘူးလားသားရယ် အောက်မှာ Sehunnie ရောက်နေပြီ"

"ခဏလေး တီငယ်ရေ.."

"Sehunnie ရေ ခဏစောင့်ပေးလိုက်ပါဦးကွယ်။ မင်းသူငယ်ချင်း အလှပြင်လို့ မပြီးသေးဘူးထင်တယ်"

"ဟုတ်လောက်တယ် တီလေးရေ၊ ပြင်လဲ ဒီရုပ်ပဲ ကို ဟား.."

"လာပြီ တီလေးရေ။အတင်းပြောနေကြတယ်ပေါ့လေ။ဒီမှာကလေးကို အဝတ်လဲ ပေးနေလို့ ဟာကို "

လူကဖြင့်အပေါ်ထပ်က ရောက်မလာသေး၊ နှုတ်ခမ်းက အောက်အရင်ရောက်နှင့်နေပြီ။ အသံဆာဆာနှင့် ကလေးကို ချီပြီး ဆင်းလာပါပြီကလေးတစ်ယောက်အဖေ လူပျိုလေး။ အဲ့လိုပြောရင်လည်း ငါက Single father ကွဆိုပြီး ဘိုလို ပြန်ပြန်မှုတ်တတ်သေးသည်။ ကလေးအဖေဖြစ်ပြီးသည့်အချိန်က စပြီး တစ်နေ့တစ်ခြား ပိုပို အလှကြိုက်လာသည်မှာ အမှန်ပင်။ အခုလည်းကြည့် လူက ဖြင့် လှေကားနားမှာ ရေမွှေးအနံ့က ဧည့်ခန်းရောက်နေပြီ။ ရေမွှေးပုလင်း မှောက်ကျလာတာလားမသိ။

"ကလေးကိုဟုတ်လို့လားကွာ..မင်းပြင်နေတာမဟုတ်ဘူးလား"

"အဲ့တာပြောတာပေါ့ Sehunnie ရယ် အခုတစ်လောဒီကောင်လေး သိပ်ကိုလှချင်နေတာ။ ကောင်မလေးတွေ ဘာတွေ များတွေ့နေပြီလားမသိပါဘူးကွယ်"

"အာ တီငယ်ကလည်း ပေါက်ကရ"

"ဘာလို့အဲ့လောက်ကြာနေတာလဲ"

ချက်ချင်းပြောင်းလဲ သွားသော Sehun ၏အသံ။ ခုနလေးတင်မှ စနောက်နေသေးတာ အကောင်းကြီး အခုမှ ဘာထဖြစ်မှန်းမသိ။ တီလေးက လဲယူသွားမဲ့ မုန့်တွေ ထည့်ပေးနေလို့ ကိုယ့်အာရုံနဲ့ ကိုယ်ဖြစ်နေပုံ။ သတိမမူမိတာပဲ တော်သေးသည် ဟုဆိုရပေမည်။

"ကလေးကို အဝတ်လဲ ပေးပြီး Liner လေးနဲနဲ ညှိ နေတာ..ဟီး"

"အေး လုပ်နေလိုက်အဲ့တာတွေ၊ လူက အရင်ထဲ ကမှ ဖြူဖတ်ဖတ်နဲ့ အဲ့တာတွေ ကြောင့်လဲ ဟိုကောင်တွေ က မင်းကို"

"Sehun...ရှူး..တီလေးရှိတယ်လေ"

Baekhyun ရဲ့ အဒေါ်မကြားရလေအောင် အသံတိုးတိုးဖြင့်အချက်ပေးရသည်။ ကျောင်းက ကောင်တွေ Baekhyun ကို ကြိုက်ကြသည်။ လူကြားထဲလဲ ဖွင့်ပြောခံ ရသည်။ နည်းလမ်းပေါင်းစုံးချင်းကပ်ကြသည်။ ဒါတွေ က Baekhyun အတွက် ဖြစ်ရိုးဖြစ်စဥ်တွေ လိုတောင်ဖြစ်နေပြီလေ။ လူကြီးတွေ ကို အသိပေးပြီး သက်သက်မဲ့ စိတ်မညစ်စေချင်ပါ။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now