အချိန်အားဖြင့် မနက် 3နာရီခွဲ ရှိနေပြီ ဖြစ်သည်။ တစ်မြို့လုံးနီးပါး အိပ်မောကျနေတဲ့ အချိန်ဖြစ်ပေမဲ့ Suho အတွက်တော့မဟုတ်ခဲ့ပေ။"ဒါက ဘယ်လို ဖြစ်ရတာလဲ။ မင်းကို အကိုဘာပြောထားလဲ ဟမ်"
ခုံပေါ်ပြစ်တင်ခြင်းခံလိုက်ရသော ဖိုင်တစ်ချို့။
ကိုယ်တွင်းဂင်္ဂါ စစ်ဆေးမှု၊ သွေးစစ်ချက်အဖြေစာရွက်နဲ့ ဓာတ်မှန်ရိုက်ထားသော ဖိုင်။"မတော်တဆ ဖြစ်တာပါ"
"ဘာကိုမတော်တဆလဲ၊ မတော်တဆက မင်း -င်ကွဲတဲ့အထိတောင် ဖြစ်တာလား"
"Hyung...!! ဘာလို့အာပြဲကြီးနဲ့ လျှောက်အော်နေတာလဲ။ သူများတွေ အကုန်ကြားကုန်တော့မယ်"
"ကြားကြားကွာ ကမြင်းကြောထတုန်းက ထပြီးအခုကျတော့လူကြားမှာကြောက်နေတာလား၊ ကြာကြားလို့မှ ကောင်းကြသေးရဲ့လား "
"Hyung ကျွန်တော် ငိုချင်လာပြီနော်။ ကို့ဘာသာတောင် နာတာတစ်မျိုး ရှက်တာတစ်မျိုး မျက်နှာ ဘယ်နားထားရမလဲ မသိတာကို၊ Hyung အထိပါ ကျွန်တော့်ကို နှိပ်စက်နေတာလား"
"ငါက မင်းအတွက်ပြောနေတာလေ၊ အခုမင်းကိုယ်မင်းပြန်ကြည့်စမ်း လူရုပ်တောင် ထွက်တော့လို့လား၊ ဒါက ပြစ်မှုမြောက်တယ်နော်။မင်းပုံစံက rape လုပ်ခံရမှန်းသိသာတယ်"
"အဲ့တာက "
"ဘယ်ကကောင်လဲ.."
"ဗျာ "
"မင်းရဲ့ Partner ကိုမေးနေတာ။
တကယ်ဆို သူ့ကြောင့်ဖြစ်တဲ့ ကိစ္စပဲ သူတာဝန်ယူရမှာပေါ့။ အခုဟာက အချိန်မတော်ကြီးငါ့ဆီကို တစ်ယောက်ထဲ ရောက်လာတယ်၊ပြီးတော့မေ့လဲရတဲ့အထိတောင် ဆိုတော့..မင်းဟာက မလွန်လွန်းဘူးလား..""Hyung..."
ကိုယ်က စေသနာစောနဲ့ ပြောနေသမျှ။တုန့်ပြန်
ငြင်းဆိုသည့်စကားမရှိ။ မပွင့်တစ်ပွင့်တာ ပြန်ပြန်ဖြေနေတဲ့သူကြောင့် ကိုကပင်အလျှော့ပေးလိုက်ရသည်။"ဟင်းး...မင်းတစ်ယောက်နဲ့တော့ကွာ၊ Hyung က မင်းကို စိတ်ပူလို့ပြောတာ မင်းသိတယ် မှတ်လား"
"ဟုတ် ကျွန်တော်နားလည်ပါတယ်။'
"အဲ့လူဘယ်သူလဲ ဆိုတာ မပြောပြတော့ဘူးလား"
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...