Unicode
—————/ထပ်ပြီးတော့...
ကျောင်းဆင်းတော့ သုံးယောက်သား အရင်လိုပြန်လာခဲ့သည်။ အပြန်ဆိုင်ဝင်ကြည့်ဖြစ်မကြည့်ဖြစ်ပြောနေတုန်း။ ကျောင်းဂိတ်ဝမှာရောက်နေသည့်သူ။
ထိုအချိန်ဆို တိုင်ပင်ထားစရာမလိုသည့် နှစ်ယောက်က KaungSoo ကို ပြူးကြည့်လာသည်။ မင်းထပ်ခေါ်ထားတာလားဆိုသည့် အကြည့်မျိုးနဲ့။
"ဘာလို့..ငါ့ကိုလာကြည့်နေတာလဲ။ ငါတကယ် ခေါ်မထားပါဘူး ဆို.."
လက်ကို ခါကာ အသည်းအသန်မခေါ်ထားကြောင်းရှင်းပြနေမိသည်။ သို့သော်..
"KaungSoo... အတန်းပြီးသွားပြီလား၊အယ် နှုတ်ခမ်းက ဘာဖြစ်တာလဲ"
ကိုယ့်ဆီကိုတန်းတန်း မတ်မတ်ကြီးရောက်လာတဲ့သူကြောင့် ဆက်မငြင်းနိုင်တော့ပေ။ Sehun လက်သီးကြောင့်အနည်းငယ်မျှ ကွဲသွားသော အောက်နှုတ်ခမ်းကို မြင်သွားသည့် ဟန်ဖြင့် ဂရုတစိုက်မေးလာသည့် Kai hyung ကို ကျေးဇူးတင်ပေမဲ့ ။ ဘေးနားမှာ မဲ့ရွဲ့ပြနေသော နှစ်ကောင်ကြောင့် ယောကျာ်လေးတစ်ယောက် ဒဏ်ရာရတာကို အထူးအဆန်းလုပ်ပြီးမေးနေသည့် Kai hyung ကိုပဲ အပြစ်ပြောရတော့မလိုလိုပင်။
ခွေးနဲ့ဖက်ပြီးကိုက်လာလို့ Hyung ရေလို့..စိတ်ထဲမှာ အော်ပြောမိပေမဲ့။ မျက်နှာလွှဲလျက် ဘောင်းဘီ အိပ်ကပ်ထဲ လက်ထည့်ထားတဲ့ လဒက သူနဲ့မဆိုင်သလိုလို။ သူ့ကြည့်တော့လည်း မိမိ လက်စကြောင့် နှာခေါင်းတစ်ဖက်မှာ တစ်ရှူးထိုးထည့်ထားရသည့်အဖြစ်။ ဖြစ်ပြီးသားတွေကို ပြန်ပြီးတော့လည်း စမြုတ်မပြန်ချင်တော့။ ထို့ကြောင့်မုသာဝါဒ အနည်းငယ်သာသုံးလိုက်ရသည်။
"ချော်လဲလို့ ထိမိထားတာ၊ အော် ဒါနဲ့ Hyung... "
လက်မောင်နားက အိင်္ကျီအသားလေးကို ဆွဲပြီး ခြေဖျားထောက်ကာ Kai ရဲ့ နားရွက်နားသို့ ကပ်လိုက်သည်။ ခြေဖျားမထောက်လို့ကလည်းမရ။ ကိုယ့်ရဲ့ ချစ်စရာကောင်းတဲ့အရပ် က သစ်ကုလားအုပ်နဲ့ နင်လားငါလားဖြစ်နေသည့် Kai hyung အရပ်ကိုမ မှီဘူးလေ။ ခြေဖျားထောက်နိုင်မှ တော်ရာကျသည်။ ခေါင်းလေးတသ်ခြမ်းကိုစောင်းပေးလာသည့် Kai hyung ရဲ့
အနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...