Unicode
တီ....တီ....
"အကိုလေး..ခြံရှေ့မှာဧည့်သည်ရောက်နေတယ်ထင်တယ်၊ ဦးလေးတံခါးသွားဖွင့်ပေးလိုက်မယ်နော်.."
"နေ..နေ ကျွန်တော်ပဲသွားဖွင့်လိုက်ပါမယ်"
"ဒါပေမဲ့..သခင်လေး Chanyeol က.."
"အာ... ဦးလေးကလည်း တံခါးလေးဖွင့်တာပဲဟာကို..ကျွန်တော်အပြင်ထွက်တာမှမဟုတ်တာ။ပြီးတော့..ကိုကိုလဲ မရှိဘူးလေ"
"တားမရလဲ အကိုလေးသဘောပါဗျာ.."
စိတ်ပူတတ်လွန်းရဲ့ Chanyeol ကြောင့် တစ်အိမ်လုံးကဝန်ထမ်းတွေလဲ အမြဲသတိကပ်နေကြရသည် ။
တစ်ခုခုဆို..Baekhyun ကိုဂရုစိုက်ဖို့ ၊ဘာအလုပ်မှ မလုပ်စေဖို့ အထူးသဖြင့်အပြင်လုံးဝမထွက်ဖို့ အမိန့်ပေးထားလေရဲ့ ။
မတော်လို့ Baekhyun သာတစ်ခုခုဖြစ်ရင် အိမ်တော်တစ်ခုလုံးက ဝန်ထမ်းတွေအကုန် ခေါင်းနဲ့ကိုယ် အိုးစားကွဲ လိမ့်မည်မှာ Chanyeol ပါးစပ်ကထုတ်ပြောစရာမလိုအောင် အကုန်လုံးသိပြီသားဖြစ်သည်။
အဲ့လောက်တောင် ချစ်တတ်လွန်းတဲ့ Park Chanyeol ကြီးကြောင့် Baekhyun မှာ နေရခက်လာသည်အထိ ။
အပျင်းပြေ ခြံထဲက ပန်းခင်းတွေဘက်လမ်းလျှောက်ရင်တောင်မှ နှင်းဆီပန်းပင်တွေကိုလုံးဝမကိုင်ရတဲ့ ။
ကိုယ်အကြိုက်ဆုံးပန်းမို့ သူကိုယ်တိုင်စိုက်ပျိိုးပေးထားတဲ့ နှင်းဆီ ဖြူတွေ လေ
ဆိုပြီး ထက်တွန့်တက် ပြန်တော့
'ကောင်းပြီလေ..ပေပီကိုင်ချင်ရင် ကိုင်လို့ရတယ်။ အကယ်၍များ အဲ့ပန်းရဲ့အဆူးကြောင့် ပေပီလက် သွေးထွက်ခဲ့ရင် ကိုယ်အဲ့ပန်းခင်းတစ်ခုလုံးဖျက်ဆီးပြစ်မယ် '
တဲ့ ။ တကယ်ပါဆို..သူ့ရဲ့ချစ်ပုံချစ်နည်းက တစ်ခါတစ်လေ အရမ်းကိုအစွန်းရောက်နေသလိုမျိုးခံစားရတယ် ။ ဒါပေမဲ့လည်း ကိုယ့်ကိုချစ်လို့ ဆိုတဲ့အသိကြောင့် တစ်ဖြန်ကြည်နူးရပြန်သည်။
Baekhyun ခြံတစ်ခါးကိုဖွင့်လိုက်တော့ အဝါနုရောင် Shirt အပါးလက်တိုနဲ့ ဘောင်းဘီဒူးအထက်လောက်အဖြူလေးကို တွဲဖက်ဝတ်ဆင်ထားတဲ့ ချစ်သူငယ်ချင်းကြီးကိုတွေ့လိုက်ရသည်။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fiksi Penggemarချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...