Unicode...
"ခစ်ခစ်..Oppa ထပါဦး..ခုမှအစပဲရှိသေးတာကိုကွာ.."
ပေါင်လည်လောက်ထိ တိုတတ်နေတဲ့ စကပ်ကအနောက်က ခွဲကြောင်းထပ်ထည့်ထားသည်။ လက်တစ်လုံး ရင်အဟိုက်ဆွဲသားအိင်္ကျီက ဖွင့်ဖြိုးနေတဲ့ သူမတို့ရင်အစုံကို ဖုံးကွယ်မထားပေးနိုင် ။ ပုရိသ ယောကျ်ားသားတို့ ငေးမောစေနိုက်လောက်တဲ့ ကောက်ကြောင်းလေးတွေ တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ ဒီအမျိုးသမီးနှစ်ဦးက Demo Club ရဲ့ စျေးအမြင့်ဆုံး တွေထဲကနှစ်ယောက်ပင် ဖြစ်သည်။
Demo Club...
မကောင်းဆိုးဝါး(နတ်ဆိုး) တို့ရဲ့ မွေ့ပျော်ရာ၊ စုစည်းရာဆိုရင်လည်း မမှားပါဘူး ။
ဒါကပြောရရင် အရမ်းတင်စားထားတဲ့ နာမည်လို ဖြစ်နေမယ်မှန်းသိပါတယ် ။ ဒါပေမဲ့ တကယ်
တမ်းပြောကြရ ရင် လူတွေက သူတို့ရဲ့မကောင်းတဲ့ Dark side တွေ အကုန်လုံးကို ဒီနေမှာ လာပြီးတော့ ဖွင့်ထုတ်တတ်ကြတယ်လေ ။သိပ်ကိုလေးစားခံညားရပါတယ်ဆို တဲ့လူကြီးလူကောင်းတွေလား..ဒီ Club ရဲ့ VIP room တွေ ထဲ မှာ နတ်မိမယ်လေးတွေနဲ့ ပျော်မြူးနေရောပေါ့ ။
အရမ်းကို ယောကျ်ားပြီသလွန်းပါတယ်ဆိုတဲ့ အမျိုးသားတွေလား ဒီ Club ရဲ့ VVIP room ထဲမှာ ချာတိတ်လေးတွေနဲ့ အဆင်ပြေနေကြရော ။
Demo ဆိုတာ လူတွေကိုယ်တိုင်ကိုပြောတာမဟုတ်ပဲ သူတို့ရဲ့အတွင်းစိတ်မသိတဲ့ တစ်နေရာချိုးနှိမ်ထားကြတဲ့ သူတို့ရဲ့ Dark side တွေ ကို ခေါ်ဝေါ်တဲ့ အမည်နာမ တစ်ခုသပ်သပ်ပါပဲ ။
ဒီ Club မှာ အဓိကက ငွေ နဲ့ ယုံကြည်မှုပဲ ငွေများများသုံးနိုင်လေ ပိုပြီးအဆင်ပြေလေ။ ငွေများများဖြုံန်းနိုင်လေ ကိုယ်လိုချင်တဲ့ relation ရလေပဲ ။
ထိုအမျိုးသမီးနှစ်ယောက်ကြားတွင် ရေချိန်ကိုက်ပြီး မှောက်နေတဲ့သက်အလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ။ သန့်ပြန့်နေတဲ့ ဝတ်စားဆင်ယဥ်မှု တည်ကြည်ရှင်းသန့်နေသော ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် ဒီအမျိုးသားက အထက်တန်းလွှာကမှန်းသိသာစေသည်။
အဲ့တော့လည်း အကွက်ရွှေ့ချင်တဲ့သူတွေကလည်း မျက်လုံးအရောင်လတ်နေကြတော့တာပေါ့။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...