Unicode....
" ငယ်လေး.."
"hyung နောက်ကျတယ်.."
"အင်း..ကိုယ်တောင်းပန်ပါတယ် ကိစ္စလေးနဲနဲပေါ်လာလို့"
Sehun ကိုတောင်းပန်စကားဆိုရင်း...ကိစ္စလေးနဲနဲပေါ်လာလို့ဆိုသည့်နေရာတွင် သိသိသာသာ စိတ်ရှုတ်နေတဲ့အမူယာမျိုးပေါ်သွားသည့် Kai ။
ဒါကိုချက်ချင်းဆိုသလိုသတိထားမိတဲ့ Sehun က..
"အဆင်ပြေရဲ့လား.."
ထူထူးဆန်းဆန်း..Sehun ဘက်ကသူ့အပေါ်ပထမဦးဆုံးဂရုတစိုက်မေးလာတဲ့ မေးခွန်းလေးကြောင့် Kai အတိုင်းမသိ ကြည်နူးမိတာအမှန် ။
ကလေးငယ်က ကိုယ့်မျက်နှာအမူအယာကို သတိထားနေမိခဲ့တာလား..
"ကိုယ့် အမျိုးသမီး..အခု Seoul ကိုရောက်နေတယ် ငယ်"
"အော်..."
"....."
နှစ်ယောက်စလုံးရဲ့ ကြားမှာ..စက္ကန့်ပိုင်းလောက် ပြောစရာစကားပျောက်ရှ နေခဲ့သည်။ ငြိမ်သက်စဲ လေပြေညှင်းတွေကလဲ ခပ်တိုတိုးသာ..Kai တို့အခုရောက်ရှိနေတဲ့ Park အိမ်တော် ခြံအပြင် တစ်နေရာကမြင်နေရတဲ့ စံအိမ်ကြီးကလဲ..စိတ်ခြောက်ခြားဖွယ် အတိ ။ တကယ်ဆို..ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆက်ပြီးဆွေးနွေးစရာစကား..နှစ်ယောက်လုံးတွင်ရှိမနေပါ ။
ပို၍ဆိုးသည်က အချစ်ဦးနဲ့ ကာမပိုင်တို့ကြားတွင်ရှိနေသည့် အမျိုးသားတစ်ဦးက အဘယ်ဘယ်သို့သော်စကားကိုဆိုရမည်နည်း။"တကယ်ဆို hyung ပျော်နေရမှာလေ..ကိုယ့်အမျိုးသမီးတစ်ယောက်လုံးက ဟိုးအဝေးကြီးကနေ hyung ဆီကို တကူးတက လာရတာကို.."
"ငယ်.."
"တောင်းဆိုပါတယ်..hyung အခုချိန်မှာ Baekhyun ကသာအရေးကြီးဆုံးမို့လို့..ကျွန်တော် တခြားအကြောင်းအရာတွေ မပြောချင်ဘူး.."
"အင်းပါ.."
Sehun ပြောလက်စ စကားတို့ကို ရပ်တန့်စေကာ..Park Chanyeol ခြံရှေ့သို့ ရောက်ရှိနေရသည့် အဓိက အချက်ကို အကောင်အထည်ဖော်တော့သည်။
သက်ပြင်း တစ်ချက်ကို ချရင်း..ဘေးက Kai ကိုလှမ်းကြည့်မိလိုက်တော့..ကိုယ် ဘေးမှာတစ်ချိန်လုံးရှိနေပါ့မယ်ဆိုတဲ့ အကြည့်နဲ့ ခေါင်းငြိမ့်ပြသည်။
မည်သို့ပင် မနှစ်သက်ခဲ့ဘူးဆိုစေဦးတော့..ဤအမျိုးသား သူ့ရဲ့ဘေးမှာရှိနေရုံနဲ့တင် ဘာလို့များလုံခြုံတယ်လို့ ခံစားနေရတာပါလိမ့် ။ သူနဲ့ဆိုရင် အရာအားလုံး မှားပြစ်လိုက်လို့ရတယ်ဆိုတဲ့ ခံစားမှုမျိုး ။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...