Unicode...
ကိုကို သည် ကျွန်တော့်ကိုပြုစားလွန်းအားကြီးသည်။
..ယောကျ်ားတစ်ယောက်က တခြားသော ယောကျ်ားတစ်ယောက်ကို မည်သည့်အတိုင်းသာလောက်ထိ ချစ်နိုင်လိမ့်မည်နည်း။... သေချာသည်က မိမိ ကိုယ်တိုင်ထိုမေးခွန်း၏ အဖြေကို ပြန်ဖြေဖို့ရာ မစွမ်းနိုင်..။
ရင်ခွင်ထဲ တိုးဝှေ့နေရင်း..ကိုကို့ ကိုမော့ကြည့်မိလေတော့..ကိုကို့ရဲ့ နူးညံ့နွေးထွေးသော အကြည့်တို့က ကျွန်တော့်ရဲ့ရင်ခုန်သံတို့ကို နှစ်ဆ ပိုမြန်လာစေပါသည်။
ကိုကိုရဲ့ အကြည့်တို့ကို ကြာကြာရင်မဆိုင်ရဲစွာဖြင့်..မျက်နှာလွှဲမိပြန်တော့..
မေးဖျားက နေဆွဲယူခြင်းခံလိုက်ရသော..ကြောင့်အယောင်ယောင်အမှားမှားဖြင့် ကိုကို့ရင်ဘက်မှအိင်္ကျီစတို့ကို တင်းတင်းဆုတ်ကိုင်လိုက်မိသည်။
"ကိုယ့် ကိုကြည့်ပါဦး.."
"ရှက်..ရှက်တယ် ဗျာ.."
"ကိုယ်တို့က လက်ထပ်ပြီးသားလေ...ပေပီ ရယ်
ရှက်စရာလိုသေးလို့လား..""လက်ထပ်ပြီးပေမဲ့..ဟို..ဟို"
နှာရွက်ဖျားလေးကအထိ ရဲတတ်နေပြီးဖြစ်သော ကျွန်တော့်ရဲ့ ကလေးငယ်..။... ရှက်တတ်လွန်းတာက လဲသူရဲ့ နောက်ထပ်ဆွဲဆောင်မှုတစ်ခုပဲလားမသိ..။ စိတ်ရှိတိုင်းသာ..ဆွဲညစ်ပြစ်လိုက်ရရင် မကောင်း..
"မင်းကတော့ ကိုယ့်ကို ရူးအောင်လုပ်နေတာပဲ...ချစ်ဖို့ကောင်းလိုက်တာကွာ.."
နှာခေါင်းလုံးလုံးလေးကို..အသာညှစ်ပြီးပြောမိတော့..ရင်ခွင်ထဲက အဝတ်ဗလာနဲ့ကောင်လေးက နဂိုထက် ပို၍ခေါင်းကိုငုံ့သွားလေတော့သည်။
လူကို လာလာဆွတဲ့ သူမဟုတ်တော့သလိုလို..အရှက်သည်းပြနေသောကောင်လေးကြောင့်
ပို၍ ထိန်းမရဖြစ်လာသော ဆန္ဒတို့ကို စိတ်လိုလက်ရလွှတ်ချပေးလိုက်သည်....Park Baekhyun ဆိုတာ ကိုယ်ရဲ့ပိုင်ဆိုင်မှုပဲလေ...
"အာ့..ကိုကို.."
"မရတော့ဘူး.."
"ဗျာ.."
"ကိုယ်ဒီထက် ဆက်ထိန်းထားလို့မရတော့ဘူး.."
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...