Episode-14

343 37 2
                                    

Unicode
—————/

"ဖြောင်း"

စပ်ဖျင်းဖျင်း ဖြစ်သွားသောပါးတစ်ဖက်နဲ့အတူတူ ဘယ်ဘက်မျက်ဝန်းက ကျဆင်းသွားသော မျက်ရည်စတစ်ချို့။

"Chanyeol hyung!!"

အလန့်တကြား Baekhyun လှမ်းခေါ်လိုက်ပေမဲ့၊လက်ကာပြ ကာ အဆင်ပြေကြောင်းပြသည့် Chanyeol ကြောင့် Baekhyun ဘာမှဝင်မပြောမိတော့ပေ။

Dinner ပွဲတွင်ဖြစ်သည်။ မနက်က ဧည့်ခံပွဲ ပြီးသည့်နောက် ညပိုင်း နောက်ထပ် ပွဲတစ်ပွဲစီစဥ်ထားကြတဲ့ လူကြီးတွေကို Baekhyun ထပ်ပြီးစောဒက မတပ်ချင်တော့ပါ။ မင်္ဂလာဆောင်တိုင်း Dinner ပွဲပါထပ်ထည့်မှသင့်တော်မည်ဟူသော သူတို့အယူအဆကိုလည်း ပြိုင်းငြင်းမနေချင်တော့ပေ။

ထို့ကြောင့် အခုလည်း Park အိမ်တော်ရဲ့ ခြံဝင်းထဲမှာကျင်းပသော ကျွန်တော်တို့နှစ်ယောက် ကိုအကြောင်းပြုသည့် ဤပွဲတွင် ရှိနေရခြင်းဖြစ်သည်။

ထိုစဥ် all black ကိုမှ ဆွဲဆောင်မှုရှိရှိဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာခဲ့သည်။ တခြားဧည့်သည်တွေလို ပွဲထဲကိုလည်းမဝင် ပွဲရှင်တွေဖြစ်တဲ့ Baekhyun တို့ကိုလည်း လာရောက်ရောထွေး ခြင်းမရှိ။ ပွဲအတွင်းရှိ လူများထဲမှ တစ်စုံတစ်ယောက် ကို အသည်းအသန်လိုက်ရှာနေပုံရသည်။ ထို့ကြောင့် Baekhyun ဘေးနားတွင်ကပ်လျက်ရပ်နေသော Chanyeol ကိုပြောပြကာ အကူညီလိုရင် ပေးလို့ရအောင်ပြောပြလိုက်မိသည်။

Baekhyun ညွှန်ပြတဲ့ ထိုအမျိုးသမီးကိုမြင်တော့ အနည်းငယ် ပြူးကျယ်သွားတဲ့မျက်ဝန်းတွေနဲ့အတူ Chanyeolနှုတ်ဖျားမှထွက်လာသည်က

"မီရာ..."

Bh pov: အသိတွေလား

ထိုအမျိုးသမီး လည်းနောက်ဆုံး Chanyeol ကိုတွေ့သွားပုံရသည်။ လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ တောက်စ် တစ်ချက်ခေါက်ရင်း လှည့်ထွက်သွားခဲ့သည်။ထို အချိန်မှ အသည်းသန်အနောက်က ပြေးလိုက်သွားသော Chanyeol ကြောင့် Baekhyun လည်းလိုက်လာခဲ့မိသည်။

ဘာတွေများအဲ့လောက်ထိ အလျှင်လိုနေတာလဲ။

အရပ်အမောင်းတင်မက ခြေတံပါပိုရှည်သော Park Chanyeol ဆိုသူသည်၊ Baekhyunထပ်
ပို၍အပြေးလည်းမြန်ခဲ့ပါသည်။ သူမဆီ အရင်ရောက် သွားသော Chanyeol ။အနည်းငယ်စကား များနေဟန်ရှိသောကြောင့် Baekhyun ခပ်လှမ်းလှမ်း ကနေသာ ကြည့်နေမိသည်။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now