Episode-11

352 39 0
                                    

Unicode
—————/
At Byun အိမ်တော်...

"အငယ်မ နင် သူဌေးကြီး Park ကိုသိလား"

"သိတယ်လေ။ Baekhyun လေးဆေးရုံတတ်တုံးကတောင်တွေ့ဖြစ်သေးတယ်"

"ဒါဆို သူ့မြေးလေးကိုရော"

"အော်..Chanyeol ဆိုတဲ့ကောင်လေးလား။ငယ်ငယ်ချောချော လေးလေး"

"အင်းး။"

"သိပါတယ် အကိုကြီးရယ် ကောင်လေးကြည့်ရတာ ထက်ထက်မြတ်မြတ်ရှိတဲ့ပုံလေးပါ၊ ယဥ်လဲ ယဥ်ကျေးတယ်။ ဒါနဲ့ ဘာလို့မေးတာလဲ "

"မနေ့က သူဌေးကြီး Park နဲ့ စကားပြောဖြစ်ကြတယ်။ သူ့က ငါတို့သားကို မြေးသမက်တော်ချင်တယ်တဲ့ "

"ဟယ်..Baekhyunnie နဲ့ Chanyeol ကိုလား"

"အာ..မဟုတ်တာကွာ။ Chanyeol မှာအမတစ်ယောက်ရှိတယ်။ Park Chan Mi တဲ့။ Baekhyun ထပ်တော့နဲနဲကြီးလောက်တယ် သူနဲ့ပြောတာ။"

"ဖြစ်ပေါ့မလားကိုကြီးရဲ့။ Baekhyunnie ကအခုထိ ကျောင်းပြီးသေးတာမှ မဟုတ်တာ။ ပြီးတော့ အိမ်ထောင်ဦးစီးလုပ်ဖို့က အဆင်သင့်မဖြစ်လောက်သေးဘူးလေ။"

"ဘာတွေ များခက်ခဲနေမှာမို့လို့လဲ။ ငါနဲ့ သူဌေးကြီး Park နဲ့ အကုန်စီစဥ်ပေးထားမှာ။ Baekhyun က ကျောင်းပြီးအောင်ဆက်တတ်ရမယ်။ ပြီးရင် နိုင်ငံခြားကိုသွားပြီး ဘွဲ့တစ်ခုထပ်ယူ ပြန်လာရင်ငါ့လုပ်ငန်းတွေကို အဆင်သင့်လွှဲ ယူ ရုံပဲ "

"အရမ်းများစောနေသလားလို့ပါ။ ပြီးတော့ မိန်းကလေးက တူလေးထပ် ပိုကြီးနေတော့ အိမ်ထောင်ရေးမှာ အဆင်မပြေမှာဆိုးတယ် "

"ဒီမှာ အငယ်မ လူတိုင်းကို နင့်တူငတုံးလို ထင်မနေနဲ့။ Chan Mi က သွက်လက်ထက်မြတ်ပြီး အရာရာကို နားလည်ဆုံးဖြတ်ပေးနိုင်တယ်။ သူ့အဖေ လုပ်ငန်းတွေမှာလဲ ဝင်ကူနေပြီ အခုဆို "

"ဒါပေမဲ့..Baekhyunnie က.."

Sehun ကို သဘောကျနေတာလေ။

"တော်စမ်း..baekhyun လာရင်နားလည်အောင်နင်ပြောထားလိုက်။ "

"ကလေးရဲ့ ဆန္ဒကိုမမေးတော့ဘူးလား"

"မလိုဘူး။ မိဘက ကောင်းစေချင်လို့ စီစဥ်တာ သူ လက်ခံရမှာပဲ။ မိဘက လက်နဲ့ရေးတာ ကို ခြေနဲ့ ဖျက်ချင်ရင်တော့... သူဆုံးရှုံးရမဲ့ တန်ဖိုးက မနည်းဘူးလို့မှတ်ပါ။Sunday မိသားစု တွေ့ဆုံပွဲ ရှိတယ်။"

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now