Unicode
————/
"ကိုယ်က မင်းအပိုင်ဆိုတာ လူတိုင်းကိုသိစေချင်တယ် မဟုတ်လား။ မင်းကလဲ ကိုယ့်အပိုင်ဆိုတာ အားလုံးကိုသိစေချင်တယ်လေ။""Chanyeollie... နောက်ကျလှချီလား.."
ဧည့်ခန်းမှာ အဆင်သင့်ထိုင်စောင့်နေဟန်ရှိသော အဖိုးဖြစ်သူကြောင့် လက်ထဲနာရီကို တစ်ချက်ငုတ်ကြည့်လိုက်မိသည်။ 10 တိတိ ကိုညွှန်ပြနေသော နာရီကြောင့် Chanyeol မသိမသာလေး သကပြင်းခိုးချလိုက်မိသည်။
ဟုတ်ပါရဲ့ ဒီအချိန်က သာမန်ကုမ္မဏီ ဝန်ထမ်းတွေ ရုံးဆင်းရမဲ့အချိန်မှ မဟုတ်တာ။ တစ်နေ့တာ ပင်ပန်းမှုတွေအတွက် အနားယူ အိပ်ဖို့ကောင်းတဲ့ အချိန်ရောက်နေပြီလေ။
"ဟုတ်ကဲ့ အဖိုး ကျွန်တော် အသိတစ်ယောက်နဲ့ စကားပြောရင်း အချိန်မကြည့်လိုက်မိဘူး။"
အဖိုးဖြစ်သူ ဘေးတွင်ဝင်ထိုင်လိုက်သည်။ သို့သော်လည်း အသိမှတ်ပြုသည့် အကြည့်တစ်ခုပင်ရမလာသောကြောင့် အနည်းငယ်စိတ်အိုက်မိသည်။
"ညစာရော စားပြီးပြီလား.."
"ဟုတ်ကဲ့ ကျွန်တော်အပြင်မှာလဲ တစ်ခါထဲ စားလာလိုက်တယ်။"
"ကောင်းတယ်..သိပ်ကိုကောင်းတယ်။"
သောက်လက်စ ရေခွက်ကို ရှေ့တွင်ရှိသော ခုံပေါ်သို့လှမ်းတင်ရင် စကားဆိုလာသည်။ ဒီတစ်ခါတော့ မျက်နှာချင်းဆိုင်အနေအထားဖြင့်
"Baekhyunnie က ခုနကအထိ မင်းကိုထိုင်စောင့်နေတာ မင်းသိလား။"
"ဗျာ..Baekhyun ကလား"
"အင်း..မီးတွေ အကုန်ပိတ်ပြီးတော့ ဧည့်ခန်းထဲက ဆိုဖာမှာ ကွေးကွေးလေးရယ်။ အဖိုးရေသောက်ဖို့ အပြင်ထွက်လာမှ တွေ့တာ"
"ဒီလောက်နောက်ကျနေပြီကို အဲ့ကလေးက ဘာလို့မအိပ်ပဲစောင့်နေရတာလဲ "
"မင်း အချိန်ပိုဆင်းပြီးပြန်လာရင် ညစာတူတူစားရအောင်လို့တဲ့"
"ဗျာ.."
"ဟုတ်တယ် Chanyeollie.. အဲ့ကလေးက တကယ့်ကိုခေါင်းမာတယ် အဖိုးနဲ့တစ်ခါထဲစားဖို့ခေါ်တာတောင် ကိုကိုပြန်လာရင် တစ်ယောက်ထဲဖြစ်နေလိမ့်မယ်ဆိုပြီး မစားပဲ ပေတေပြီးနေနေတာ"
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...