Unicode
—————/"ချစ်တယ်.."
ခွမ်~
Baekhyun ရဲ့လက်ထဲမှ ရေမွှေးပုလင်း လေးပြုတ်ကျသွားသည်။
"ဘာ"
အိမ်မက် ယောင်နေသလိုမျိုး၊အယောင်ယောင် အမှားမှားနဲ့ ကျောခိုင်းထားမိသော သူ့ဘက်သို့ ပြန်လှည့်ကြည့်မိသည်။ အဖြူခံ တွင်အနည်း
ငယ်နီစွေးသော အရောင်တို့က နေရာယူထားသည့် အိင်္ကျီကို အောက်က ဂျင်းဘောင်ဘီ အမဲနှင့်တွဲ ဖက်၍ဝတ်ဆင်ထားသည်။ ပွယောင်းယောင်းဖြစ်နေသော အညိုရောင်ဆံပင်လေးတွေက အလောတကြီးပြေးလာရမှန်းသိသာစေသည်။အခုထိ ခေါင်းမဖော်လာသေးပဲ Baekhyun မျက်နှာချင်းဆိုင်တွင်တောင့်တောင့်ကြီးရပ်နေသည့်သူကြောင့် မကြာသေးခင်ရမှ ကြားခဲ့ရသည့်စကားသည် နားကြားပင်မှားခဲ့မလားဟု ထင်မှတ်မိသည်။ဟုတ်တယ်။ နားကြားမှားတာပဲ ဖြစ်လိမ့်မည်။Sehun က အဲ့လိုစကားမျိုးကိုဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။ အထူးသဖြင့် ငါ့ကိုပေါ့။
"ချစ်တယ်လို့၊ ငါမင်းကို အရမ်းချစ်တယ်။ "
ဘုရားရေ ဒုတိယအကြိမ်မြောက် ထပ်ကြားလိုက်ရပြန်သည်။ ဒီတစ်ခါတော့ ခေါင်းငုပ်၍ မပွင့်တစ်ပွင့်ပြောနေခြင်းမဟုတ်၊ Baekhyun လက်ကိုဆွဲယူလိုက်ပြီး မျက်လုံးတွေ ကိုသေချာကြည့်၍ ပြောလာခြင်းဖြစ်သည်။
"မင်းမသိတဲ့ ဟိုးအရင် အချိန်တွေထဲက ငါကိုယ်တိုင် တောင်သတိမထားမိပါပဲ နဲ့ မင်းကို ချစ်မိခဲ့တာ။"
"ဟာ..မင်း..မင်းနောက်နေတာ၊ ဟုတ်တယ် မှတ်လား Sehun မင်းငါ့ကို လာနောက်နေတာမှတ်လား။"
"မဟုတ်ဘူး"
"ဟုတ်တယ်လို့ ပြောစမ်းပါကွာ၊ ကျေးဇူးပြုပြီ..ငါကို အပျော်အပျက် နောက်တာလို့ပြောပေးလို့မရဘူးလား..ဟင့်... ငါ..."
ကျွန်တော် ငိုမိသည်။ ဝမ်းနည်းလို့ကျတဲ့ မျက်ရည်လား၊ ဝမ်းသာလွန်းလို့ မျက်ရည်ကျသည်လား မသိ။
"တောင်းပန်ပါတယ် ဒါပေမဲ့ ငါ့ခံစားချက်ကို
ငါထပ်ပြီး မလိမ်ညာနိုင်တော့ဘူး Baekhyun ။
မင်းကို အပြီးတိုင်ဆုံးရှုံးရတော့မယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ မှ ငါနားလည်လာခဲ့တယ်။
ငါမင်းကိုဘယ်လောက်ထိ ချစ်မိနေပြီဆိုတာကို။"
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fiksi Penggemarချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...