episode -37

231 18 0
                                    

unicode..

"ခွမ်း.."

လက်နဲ့တိုက်မိပြီးပြုတ်ကျသွားသော် ကော်ဖီခွက်လေးမှာအေးစက်လို့နေခဲ့သည်။

ကော်ဖီသိပ်ကြိုက်တတ်တဲ့ကိုယ်ဟာ သူ့အကြောင်းတွေးမိရင် ကော်ဖီပူတွေအေးစက်သွားသည်အထိ သောက်ဖို့မေ့လျော့နေတတ်ခဲ့ပြီ။

ဒီရက်ပိုင်းအဆက်သွယ်မရလို့စိတ်လေးနေခဲ့ပေမဲ့..ခွဲစိတ်ခန်းဝင်နေတုန်း ကဝင်လာတဲ့ misscalled သုံးလေးခုနှင့်အတူ

"လွမ်းတယ် " ဆိုတဲ့ message လေးတစ်စောင်။ တကယ်ပါပဲ..ဒီလူကိုရင်ပူအောင်သိပ်လုပ်တတ်တယ်။

ph ပြန်ခေါ်တော့လဲမကိုင်ဘူး..။

"ဟဲ့ဘာဖြစ်တာတုန်းနင်ကလဲ.."

"ဟင်းးး.."

ပြုတ်ကျသွားတဲ့ ဖန်ခွက်အကွဲစတွေကိုလိုက်ကောက်ရင်း..သက်ပြင်းအရှည်ကြီး ချမိသည်။

"မသိဘူးဟာ..ဒီနေ့စိတ်တွေအရမ်းလေးနေတယ်.."

"ဟဲ့..လက်ကြီး နဲ့ကောက်မနေနဲ့လေ..ရှကုန်မယ်.."

"အ့.."

"ကဲ ကြည့်ပြောရင်းနဲ့ ဖြစ်ပြီ..နင်ဟာလေငါ့စကားဆိုဘယ်တော့မှနားမထောင်ဘူး"

"ဟဲ့..ဟိုမှာအရေးပေါ်ကားတစ်စီးဝင်လာတယ်..သွားကြည့်ရအောင်.."

Suho တို့ရပ်နေတဲ့နေရာကနေလှမ်းကြည့်ရင်ဆေး
ရုံထဲဝင်လာတဲ့ကားကိုလှမ်းမြင်နေရသည်။ ဒါကြောင့်လဲ..ချက်ချင်းဆိုသလို အောက်သို့အလျင်အမြန်ပြေးဆင်းသွားပြီး...လူနာတင်းကားစီသို့သွားလိုက်သည်။

အပြေးတစ်ပိုင်းနဲ့..ဆင်းလာသော..Suhoရဲ့ခြေလှမ်းများကို..လူနာတင်ကုတင်ပေါ်က သွေးသံတရဲရဲနဲ့ အမျိုးသားတစ်ဦးရဲ့မျက်နှာက ရပ်တန့်စေနိုင်ခဲ့သည်။

"lay...!!"

ငယ်သံပါအောင်..အော်ခေါ်မိပြီးတဲ့နောက်..အဲ့နေရာမှာတင်ခြေခွင်ကျသွားခဲ့သည်။

ဆရာဝန်တွေအပြေးအလွှားနဲ့..စုပြုံနေတဲ့ကြားထဲက အောက်ဆီဂျင် ဗိုက်တန်းလန်းနဲ့..တစ်ကိုယ်လုံးသွေးအပြည့်ဖြစ်နေတဲ့ချစ်ရသူကို ကြည့်ပြီး..

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now