Episode -31

278 31 6
                                    

Unicode <<<

Baekhyun နားရွက်ဖျားလေးကိုတစ်ချက်ငုပ်နမ်းလိုက်သည်။ တစ်ကိုယ်လုံးတုန်တတ်သွားသည့်ကလေးငယ်က သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်မှာ ဝန်မခံချင်လို့ မရပေ ။

မထိတစ်ထိ နေရာပေါင်းစုံ အနမ်းပေးမိနေတော့ Baekhyun တစ်ယောက် Chanyeol ရဲ့ရင်အုပ်ကျယ်ကျယ်ကြီးအောက်တွင် ထွန့်ထွန့်ကိုလူးလို့။ အသံခပ်အီအီလေး ထွက်လာရသည် အထိ ။

ခဗျားကြီး သိပ်ကိုပြုစားနိုင်လွန်းတယ် Park Chanyeol ။

"အာ..ကိုကိုကွာ "

ထိုစဥ်..ခြံရှေ့မှ အဆက်မပျက်ထွက်ပေါ်လာသော ကားဟွန်းတီးသံ ။

"တီလ်..တီလ်..တီလ်.."

မကြားချင်ရောင်ဆောင်ပြီး..ခရီးဆက်ရန်ကြံလဲ မရ။ အလိုက်မသိတဲ့ဘယ်သေနာက ညကြီးအချိန်မတော်သူများအိမ်ရှေ့မှာ လာဟွန်းတီးနေရတာလဲ။

ခဏကြာတဲ့အထိ အသံကရပ်မသွားတဲ့အပြင် ပိုတောင်ဆက်တိုက်ထွက်ပေါ်လာသည် ။

"တောက်စ်...ပေပီခဏ"

"ဟုတ်"

ကိုယ်လက်ချက်ကြောင့် ကြယ်သီးတွေအကုန်ပြုတ်နေပြီဖြစ်တဲ့နီတာရဲလေးရဲ့ပါးကို တစ်ချက်နမ်းလိုက်ပြီး ဦးတည်ရာက ခြံရှေ့သို့ ။

ဒေါသထွက်ထွက်နဲ့.. ခြံတံခါးကိုဆွဲဖွင့်ပြစ်လိုက်သည် ။ အခြေနေကောင်းလေးကိုဖျက်လို့ဖျက်ဆီးလုပ်ချင်တဲ့ကောင်တွေ Park Chanyeol အကြောင်းကောင်းကောင်းသိသွားစေရမယ် ။ သို့ပေမဲ့ ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက..

"မတွေတာ ကြာပြီနော်..Chanyeol"

"kai??..ဘယ်လိုဖြစ်ပြီး..မဟုတ်သေးပါဘူး..ဒီအချိန်ကြီးကိုလေ.."

"အရမ်းနောက်ကျမှ လာရတဲ့အတွက် Sorry ကွာ ငါသေရေးရှင်ရေးထက် အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခု ချက်ချင်းသိရမှ ဖြစ်မှာမို့လို့"

"လာလေ အထဲမှာသွားပြောကြတာပေါ့"

........

"အဲ့တော့..ညကြီးအချိန်မတော် ငါ့ခြံရှေ့ရောက်လာပြီး အရေးတကြီးလာမေးတာ Oh Sehun အကြောင်းပေါ့။"

မတွေ့တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းကို အဆင်ပြေရဲ့လားတစ်ခွန်းတောင်မမေး ။ အိမ်ထဲ ရောက်ရောက်ချင်းထိုင်တောင် မထိုင်နိုင်ပဲ ဦးဆုံးမေးလိုက်တာက "Sehun ရောတဲ့ "

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now