Unicode
————/
"ကိုယ်လဲ ချစ်တာပေါ့။အင်းအင်း..အရင် နံပါတ်ပဲ ယူထားလိုက်"ဧည့်ခန်းဘက်သို့ဦးတည်၍လာမိသော Baekhyun ရဲ့ ခြေလှမ်းတွေ တုံ့ဆိုင်းသွားခဲ့သည်။ဒီနေ့ Baekhyun ရဲ့မင်္ဂလာကိစ္စ Sehun ကိုလာပြောပြခြင်းဖြစ်သည်။ ထို့ကြောင့် တစ်နေ့တစ်နေ့ တွေ့ဖို့မနည်းလိုက်ဖမ်းနေရသော သူငယ်ချင်းဖြစ်သူ၏ အိမ်ကိုကိုယ်တိုင်ရောက်လာရတော့သည်။ သူငယ်ချင်း ဆိုလို့ပြေးကြည့်မှ ဒီသုံးယောက်ထဲရှိသည်မှတ်လား၊ ထို့ကြောင့်Baekhyun ရဲ့ကောင်းသည်ဖြစ်ဖြစ်
၊ ဆိုးသည် ဖြစ်ဖြစ်အရာရာအားလုံးကို ပြောပြချင်သည်။ အမြဲလိုလိုလဲ ပြောပြဖြစ်ခဲ့တယ်။ အခုလဲ KaungSoo နဲ့ Sehun ကို သဘက်ခါစေ့စပ်ပွဲ အကြောင်းပြောပြရန် ဆုံးဖြတ်ထားသည်။ Sehun ဆီကိုအရင်ဆုံးလာမိသည်က စေ့စပ်ပွဲအကြောင်းကြားရင် နဲနဲလောက် ဖြစ်ဖြစ် Baekhyun ကိုနှမြောမိမလား။ တားများတားလိမ့်မလားဟူသော မျှော်လင့်ချက်သေးသေးလေးကြောင့်ဖြစ်သည်။ ဒါပေမဲ့ ဧည့်ခန်းထဲဝင်ဝင်ခြင်းကြားလိုက်ရသည်စကားက ရင်ဝတည့်တည့်ကိုစောင့်ကန်ပြီးစီးကြိုနေသည့်အလား။
သမီးရည်းစား နှစ်ယောက်ရဲ့ ချစ်ရည်ရွမ်းနေတဲ့ ထိုမကြားဝံ့မနာသာစကားတွေကို နားထောင်ဖို့ မရဲခဲ့ပါ။BH pov: ဘာတွေများ ထပ်မျှော်လင့်မိတာပါလဲ Byun Baekhyun ရှက်ဖို့ကောင်းလိုက်တာ ။
ဆက်နားမထောင် သင့်ဘူးဟုယူဆသောကြောင့် Baekhyun လှည့်ထွက်လာမိသည်။
"Baekhyun.. !? "
"အေး.."
"ရောက်နေတာ ကြာပြီလား၊ ဘာလို့ အထဲ ဝင်မလာတာလဲ"
"သိပ်မကြာသေးပါဘူးကွာ။ ဒီတိုင်းမင်း Ph ပြောနေတာအနှောင့်အယှက်ဖြစ်မှာဆိုးလို့
အဲ့တာ ငါ KaungSoo ဆီအရင်သွားပြီးမှ မင်းဆီပြန်ဝင်လာမလို့ ""အော်..ကြားသွားတာလား"
"နဲနဲပါ..မင်းလဲနော်ပျောက်ချက်သားကောင်းနေတာ။ ငါတို့ကို နဲနဲ သတိရဖော်တောင်မရှိဘူး"
Bh pov:သေစမ်း..ဘာလို့လျှာရှည်မိပြန်တာလဲ။
အကြာကြီးငြိမ်ကျသွားသည်။ အခန်းထဲမှာရှိတဲ့လေထုကတောင်အနည်းငယ်အေးစက်သယောင်
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...