Episode-28

266 21 3
                                    

Unicode
————/

"အခြေနေဘယ်လိုရှိလဲ...One"

"အခြေနေကတော့ စုံစမ်းနေတုန်းပါ Mr. ဒါပေမဲ့ ကျွန်တော် ကိစ္စအကြီးကြီးတစ်ခုကိုတော့ အနံ့ခံမိနေပြီထင်တယ်"

"ဒါဆို မကြာခင်သိရတော့မှာပေါ့"

"ဖြစ်နိုင်တယ် ကံကောင်းရင် Park အုပ်စုကို ပါလုံးဝ ပြန်မထနိုင်လောက်အောင်ကောင်းကောင်းကြီးဖြိုချ နိုင်လောက်တယ်"

"တော်တယ်..One ။ မြန်မြန် ကိစ္စပျက်စေချင်တယ်..အော်ပြီးတော့ မင်း ဒီတစ်ခေါက် Case ကိုကိုင်တွယ်တဲ့အခါ သတိကြီးကြီးထားဖို့လိုမယ် ။ ဒီပြဿနာမှာ တကယ်ပဲ Park လုပ်ငန်းစုက ပါဝင်လာတယ်ဆိုရင်...မင်း..ငါပြောချင်တာသိတယ် မှတ်လား.."

"ဘယ်လိုမျိုးလဲ Mr.?!"

"Byun အလှလေးကို လုံးဝထိခိုက်လို့မဖြစ်ဘူး ။ ငါ့သားလေး က သူရဲ့ Pa ကိုသိပ်ချစ်တာ ..."

"ဆိုလိုတာက.."

"One..?! မင်းရဲ့တော်လှပါပြီရဲ့ ဆိုတဲ့ ဦးနှောက်က ဒီလိုနေရာမျိုးတွေကျရင် သိပ်ကိုတုံးအလွန်းတယ်..ငါသားလေးရဲ့ Pa ၊ ငါ့ရဲ့သတို့သားလောင်းလေးကို..ဆံခြည်တစ်မျှင်တောင် ထိခိုက်တာ ငါမလိုချင်ဘူး.."

"ကျွန်တော်နားလည်ပါပြီ...."

"ကဲ ဒါဆို ဆက်ပြီးတော့ တာဝန်ကျေလိုက်ပါဦး..လိုအပ်ရင် mail ပို့ထားလိုက် ငါစီစဥ်ပေးမယ်။"

"ဟုတ်ကဲ့.."

ပြတင်းပေါက်မှန်တံခါးမှတစ်ဆင့် တိုးဝင်
လာသော လေပြေတစ်ချို့က ပွယောင်းယောင်း
နှင့် တမင်ဆွဲကာဖွထားဟန်ရှိသောဆံနွယ်တစ်ချို့ကို တိုးကာဝေ့ကာ ကြည်စယ်သွားကြသည်။

သိပ့်ကိုပြတ်သားလှပါပြီဆိုတဲ့သူက ဒီတစ်ခေါက်..Mission မှာဘာတွေကိုစိတ်လေးလို့လေးနေမှန်းမသိ။

အတွယ်အတာအနှောင်အဖွဲ့ မရှိတဲ့သူ့အတွက် နောက်ပြန်လှည့်ကြည့်လို့ ငဲ့ကြည့်ရမဲ့ သူလဲမရှိခဲ့ပေ ။ ...mission လုပ်နေရင်းသူသေသွားခဲ့ ရင်တောင် သူ့အတွက်ငိုကြွေးပေးမဲ့သူမရှိ ခဲ့။အဲ့လိုအကြောင်းကြောင်းတွေကြောင့် ဘယ်လောက်ပဲ အသက်အန္တာရယ် များတဲ့ case တွေ ဖြစ်နေပါစေ နောက်မဆုတ်စတန်း လက်မရွံ့ပဲ ပြီးမြောက်အောင်ဆောင်ရွက်ခဲ့တာတွေကြီးပဲ ။ ကံကောင်းချင်တော့ မသေရုံတစ်မယ် အသက်ဘေးမှ လွတ်လာခဲ့တာလည်းအကြိမ်ကြိမ် ၊ဒါကြောင့်လဲ Mr. ရဲ့စိတ်အချရဆုံးသော လူယုံတစ်ယောက်ဖြစ်လာခဲ့သည်လေ ။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now