Episode-42

317 15 4
                                    

Unicode.....

"ဟိုကောင်..အခုထိမထနိုင်သေးဘူးလား.."

"အွန်း..😴"

"အိပ်နေလိုက်တာ..ကုလားသေကုလားမော..ဟျောင့်"

"အာ...အကိုကလဲ ခဏလေး..ခဏလေးအိပ်ပါရစေဦးဗျာ.."

"yaa...မင်းကာလနဂါးနဲ့ဘာတော်လဲ..ဟမ်.."

"ညီအကို.."

"ဘုန်း.."

"အား...."

ကျောပြင်သို့ပိတ်ရိုက်လိုက်သော..အသံကြီးနှင့်အတူ..ငယ်သံပါအောင်အော်လိုက်သည့်အသံတစ်ပြိုင်ထဲထွက်လာလေသည်။ သို့သော်..ပြန်အိပ်နေစဲ ပင်။

"နေ့တစ်ဝက်ကျိုးနေပြီကွ...မင်းမထရင်..ငါ ဆိုးလ်ကိုပြန်တော့မှာနော်.."

ပြန်တော့မှာနော်ဆိုသည့်..စကားကြားတာနဲ့..ငေါက်ခနဲထ ထိုင်သည့်ကောင်လေးကြောင့်ပြုံးမိသည်။

သူ့ကိုနိုင်တာဆိုလို့ဒီတစ်ကွက်ပဲရှိသည်လေ ။ ကိုယ့်အပေါ်သိပ်ခင်တွယ်လွန်းတဲ့ထိုကောင်လေးကို..ဒီလိုမျိုးပြောပြီး..ခဏခဏအနိုင်ယူနေရတာလဲစိတ်ထဲတော့မကောင်း။ ဒါပေမဲ့ ဒင်းကလဲ အကြောတင်း..ဒီလိုမှမပြောရင်ပေကပ်ကပ်နဲ့..

အခုလဲ ကြည့် ဝုန်းခနဲထ ထိုင်လိုက်ပေမဲ့..မျက်လုံးကမပွင့်သေး..ကောက်ကွေးနေသည့်..ဆံပင်ဖွာလန်ကြဲတို့ ကထိုးထိုးထောင်ထောင်..စွပ်ကျယ် အကြီးကြီးကိုဝတ်ထားသောကြောင့်..အတွင်းသားတွေကို အရှင်းအလင်းမြင်နေရတဲ့ ကိုယ့်မှာမျက်နှာရဲ ခနဲ။ သူကတော့ မသိ ။ သူ့ရဲ့ငှက်သိုက်ပုံ ဆံပင်ကြီးကို..လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ထိုးဖွလျက် သန်းဝေနေခဲ့သည်။

အပျင်းကြောဆန့်လို့ဝ သွားကာမှဆူပုတ်လျက်..ကုတင်ပေါ်မှထကာ..သဘက်အကြီးကြီးတစ်ထည်ယူပြီး..ရေချိုးရန်အိမ်အနောက်ဖေးသို့ဆင်းသွားတော့သည်။

ကိုယ့်ကို တစ်ချက်လေးတောင်လှည့်မကြည့်သွားပေ။

ဒါက စိတ်ကောက်သွားပါသည် ဆိုတဲ့သဘောပင် ဖြစ်သည်။

ချော့ရပေဦးမည်ပေါ့။ D.O ဒီရွာလေးကိုပြောင်းလာသည့် အချိန်ကစပြီး..ထိုကောင်လေးကအစစအရာရာကူညီပေးခဲ့သည်။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now