Unicode
အချိန်ကာလ တစ်ခုက လူတစ်ယောက်ကို ဘယ်အတိုင်းအတာလောက်ထိ ပြောင်းလဲ ပြစ်နိုင်ပါသနည်း။
တစ်လ ဆိုတဲ့ အချိန်အပိုင်းအခြားတစ်ခုက တခြားသူတော့မသိဘူး။ Baekhyun ဆိုတဲ့ အမျိုးသားလေးအတွက်တော့ အတော့်ကို ပြောင်းလဲ ပြစ်နိုင်စွမ်းရှိခဲ့ပါတယ်။
Chanyeol တစ်ယောက်မိမိရှေ့က သက်ရှိရုပ်ထုလေးကို ကြည့်နေမိသည်။ မနက်စာအတွက် ပြင်ပေးထားတဲ့ ပေါင်မုန့် မီးကင်၊ ကြက်ဥ half-boil
ကို ခရင်းနဲ့ မထိတစ်ထိ ထိုးစွနေသည်။ ကလေးငယ် အားရှိစေရန် ရည်ရွယ်ပြီး မနက်ဆာ menu ထဲတွင် အမြဲတမ်း ထည့်ပေးတတ်သော နွားနို့ပူပူလေးတစ်ခွက်။ အခုထိ တစ်ရစ်တောင်မလျှော့သေးပေ။ လျစ်လျူရှု ခြင်းခံထားရသော ထိုနွားနို့ခွက်လေးက အေးစက်၍နေပြီ ဖြစ်သည်။"ကလေး.."
လွင့်မျောချင်တိုင်း..လွင့်မျောနေသော ကိုယ့်ကလေးငယ်ရဲ့ စိတ်အာရုံတွေကို ပြန်လည် စုစည်းစေပြန်တော့ ။ ခန္ဓာကိုယ်လေး တစ်ချက် တုန်တတ်သွားတဲ့ ကလေးငယ်က အလန့်တကြားနှင့် ပြန်ထူးလာသည်။
"ဗျ..ဗျာ.."
ဒီရက်ပိုင်း ကလေးငယ်နဲ့ သေသေချာချာစကားမပြောဖြစ် ။ လုင်ငန်းကိစ္စကလည်း အကောင်အထည် ဖော်နေပြီမို့လို့ အိမ်မှာ ရှိသည့်ရက်က ခပ်ရှားရှားရယ်။ ဒီကြားထဲ လိုအပ်ရင် လိုအပ် သလို နယ်ဘက်ကို ညအိပ်ညနေ သွားရသေးသည်။ အခုလို ပြန်ရောက်ပြီး ဒီကနေပဲ ဦးစီးဦးဆောင်လုပ်နေရတဲ့ ရက်တွေဆိုရင်လည်း ကလေးငယ်ကို ဂရုမစိုက်ပေးမိ ။ မနက်ဆိုရင်လည်း..ကိုယ်မြတ်နိုးတဲ့ကလေးငယ်လေး မနိုးခင် အလုပ်သွားရတာနဲ့ ၊ ညဘက်ဆိုလည်း တော်တော်လေးနောက်ကျမှ ပြန်ရောက်ဖြစ်တာနဲ့။ တစ်လ လုံး လုံလည်ချာလည် လိုက်နေရော။ လူလည်း မျော့မျော့ပဲ ရှိတော့သည် ။ ဒီနေ့မို့ တိုက်တိုက် ဆိုင်ဆိုင် ကိုယ့်အရုပ်ကလေးနဲ့ မနက်ဆာအတူတူ စားခွင့်ရခြင်းဖြစ်သည်။ အ
ခုလည်း နောက်ဆုံးအဆုံးသတ်ရမဲ့ ကိစ္စလေးတစ်ခု ရှိသေးလို့ ရုံးကိုသွာရဦးပေမည်။ ဒီတစ်ခေါက်ကိစ္စပြီးသွားရင်တော့ ကိုယ့်ကလေးငယ်ကို ကိုယ်လစ်ဟင်းခဲ့သမျှတွေအတွက် ကောင်း
ကောင်း ကြီးအလျော်ပြန်ပေး ဖို့ ပြင်ဆင်ထားပြီးသားပါ။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...