Unicode...
"ရှေ့က တံခါးအပြာရောင်နဲ့ ခြံလေးပဲ...လေးငယ်"
Channie ညွှန်ပြတဲ့ နေရာလေးကိုလှမ်းကြည့်လိုက်မိသည်။ အနည်းငယ်မြင့်သည့် ကုန်းမြင့်ပိုင်းလောက်မှာ ဆောက်ထားတဲ့အိမ်ငယ်လေးတစ်လုံး..။ မြို့တွေလိုမျိုးအထပ်အမြင့်ကြီးတွေမဟုတ် ။ တစ်ထပ်အိမ်လေးကိုမှ..အနည်းငယ်ကျယ်သည့်ပုံစံမျိုးလေးပင်။
အမြင့်ပိုင်းနေရာမှာတည်ရှိနေတာက တစ်ကြောင်း..ခြံစည်းရိုးက လူကြီးတစ်ယောက်ရဲ့..ခါးလည်လောက်သာရှိနေခြင်းကတစ်ကြောင်း..ခြံတခါးကိုကျော်၍ ခြံထဲမှ အရာများကိုလှမ်းမြင်နေရသည်။လူလေးငါးယောက်လောက်စု ထိုင်လို့ရသည့် ကွပ်ပျစ်မနိမ့်မမြင့်လေးတစ်ခုရယ် ။ စက်နှင့်မောင်းနှင်လို့ရသည့်..ရေချိုးကန်လေးတစ်ခုရယ် ။ ညီညာစွာ ချိတ်လှမ်းထားသည့် လျှော်ပြီးသားအဝတ်တစ်ချို့ရယ်..စသည်..စသည်ဖြင့် သူ့နေရာနှင့်သူ လိုက်ဖက်စွာ ရှိနေကြသည်။
Sehun ရဲ့အခုအခြေနေက..ကားပေါ်ကနေလဲ မဆင်းရဲ လှည့်၍လဲ မပြန်နိုင်ပေ ။ မျှော်လင့်ချက်ကြီးတစ်ခုနှင့် လာခဲ့ ပြီးကာမှ ကံကြမ္မာ ကြီးကမျက်နှာသာမပေးခဲ့ရင်..။ သို့လော သို့လော အကြောင်းပြချက်တွေနဲ့ ဝေခွဲမရဖြစ်နေခဲ့သည်။
Kai နဲ့ Channie ကိုလှမ်းကြည့်မိတော့..သူတို့လဲ ကိုယ့်လိုပင် ခံစားနေရကြောင်းသိလိုက်ရသည်။ သုံးယောက်သားအကြည့်ချင်းဆုံမိပြီးနောက်..သက်ပြင်းပြိုင်တူချမိသည်။
"ရောက်လာပြီးမှတော့..ဝင်ပြီးအတည်ပြုကြည့်ကြတာပေါ့..ငယ်"
"ဟုတ်.."
သုံးယောက်သား..လက်လေးတွေကိုစု ကိုင်လျက် ခဏလောက် ငြိမ်သက်နေခဲ့ကြသည်။ သေချာသည်က သုံးယောက်စလုံး၏ လက်ဖဝါးများက စိတ်လှုပ်ရှားမှုကြောင့် အေးစက်လို့နေခဲ့ပါသည်။
..........
ဝှီးချဲလေးကို တွန်းလျက်..Kai တို့ အိမ်လေးနားဆီသို့တဖြေးဖြေးလျှောက်လာခဲ့ ကြသည်။ ဝှီးချဲပေါ်တွင်ရှိနေသည့် Sehun ကစိတ်လှုပ်ရှားမှုပိုမိုပြင်းထန်နေခဲ့သည် ။ Kai ရဲ့ဘေးတွင်တော့..လွယ်အိတ်လေးပိုက်ကာ..စိုးရိမ်မှုတစ်ဝက်..စိတ်လှုပ်ရှားမှုတစ်ဝက်နှင့်အတူလျှောက်ပါလာသော Channie သည်လည်းမျက်နှာမကောင်း..
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanficချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...