Uni
——/"မောင်.."
"ဟင်"
"စိတ်တွေဘယ်ရောက်နေတာလဲကွာ..တို့ခေါ်တာကြာလှပြီ"
"ဆိုင်ကိစ္စလေး နဲနဲ တွေးမိသွားလို့ပါ၊ မ ဘာပြောမလို့လဲ ဟင်"
"မနေ့က မောင့်ကို ကောင်မလေးတစ်ယောက်နဲ့ တွေ့လိုက်တယ်"
"ဘယ်မှာတွေ့တာလဲ"
"Point တစ်ခုမှာပါ...တို့လှမ်းခေါ်မလို့ပဲ၊ ဒါပေမဲ့ မောင်ရဲ့ Personal ကိစ္စမှာ ဝင်မရှုပ်ချင်တော့လို့ မခေါ်လိုက်တာ"
"....."
"မောင်.."
"အင်း.."
"မောင့်ကိုဘာမှ မပြောဘူးဆိုတာ မောင်ကငယ်သေးတယ်၊ လွတ်လပ်မှုကို လိုအပ်တယ် ထင်လို့။ မောင့်မှာ ဇယားတွေ ရှိတယ်ဆိုရင်လဲ အခုထဲကတစ်ခါတည်း ကြိုရှင်းထား။ တို့ မောင့်ကိုလွှတ်ပေးထားတယ်ဆို တာ အတိုင်းတာ တစ်ခုထိ ရှိတယ်ဆိုတာ မောင်သိထားပါ။"
"မောင့် ကိုချိန်းခြောက်နေတာလား။"
"ချိန်းခြောက်တဲ့ အဆင့်ထိတော့ မဟုတ်သေးပေမဲ့၊ သတိ ပေးတဲ့သဘောမျိုးပဲ။ တို့ ပြောတာတွေ အကုန်လုံးက မောင်ကောင်းဖို့အတွက်ကြီးပဲဆိုတာ နားလည်။"
"မောင် ကလေးမဟုတ်ဘူး။ အဲ့လောက်ထိ လိုက်ချုပ်ချယ်မနေနဲ့ မောင်မကြိုက်ဘူး။"
"ချုပ်ချယ်သင့်ရင် ချုပ်ချယ်ရမှာပဲ မောင်။ မောင်မှာ ငြင်းဆိုခွင့်မရှိဘူး။ "
"မ..!!"
"တို့က တို့ထက် ငယ်တဲ့ ချာတိတ်လေးတစ်ယောက် ရဲ့ ခြယ်လှယ်ကစားတာခံမဲ့ မိန်းမမျိုးမဟုတ်ဘူးမောင်။ မောင့်ကိုရွေး ချယ်လိုက်ပြီဆိုထဲက အနာဂတ်အတွက်ပါကြိုတွေးပြီးသား။
ပြီးတော့ မောင်ကျောင်းပြီးရင် တို့နဲ့အတူ LA ကို လိုက်ခဲ့ရမယ်။ ဟိုမှာ ကျောင်းဆက်တက်ဖို့ အားလုံးပြင်ဆင်ပြီးပြီ။ အဲ့ကနေ ဘွဲ့တစ်ခုထပ်ရတာနဲ့ ဒယ်ဒီကုမ္မဏီမှာ ဝင်လုပ်ရုံပဲ။ မောင့်ဘဝ အတွက် လှေကားထစ်တွေကို တို့က ဖန်တီးပေးမှာ မောင်ဘာမှ အပင်ပန်းခံစရာမလိုဘူး။ တို့ဖန်တီး ပေးထားတဲ့လမ်းပေါ် အတူတူ လျှောက်လှမ်းပေးရုံပဲ။"
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...