Unicode..
ဆိုလ်းမြို့ ၏ အထင်ကရ ဆေးရုံကြီး
"ဖေဖေ...ဖေဖေ..ထပါဦး..သမီးတို့ကို ထကြည့်ပါဦး..ဖေဖေ သတိရပါတော့..အဟင့်"
အချက်ပေးသံ တဝီဝီမြည်နေသည့် လူနာတင်ကားပေါ်မှ ပြေးဆင်းလာသော..လူတစ်စု နှင့်အတူ ကြေ ကွဲဖွယ်ရာ ငိုရှိုက်သံများဖြင့် ဆူညံလျက်ရှိသော...... ။
အရေးပေါ်ဌာနတွင် ဖြစ်သည်.... ~~
ခန္ဓာကိုယ် ၏သုံးပုံနှစ်ပုံခန့်လောက်က မြင်မကောင်းလိုက်အောက် သွေးအလိမ့်လိမ့်တို့ဖြင့် ပေကျံနေသည့် အသက်40ကျော်အမျိုးသားတစ်ဦး ။
လွန်ခဲ့သောနာရီဝက်ခဲ့က ဖြစ်ပွားခဲ့သော ကားသုံးစီးဆင့် ယာဥ်တိုက်မှုတွင် ထိုအမျိုးသားသည်လည်း ယာဥ်မောင်းသူတစ်ဦးအဖြစ်ပါဝင်နေခဲ့သည် ဟုသိရသည်။
အမှုဖြစ်စဥ်၏အစအဆုံးကိုအသေအချာမသိရသေးသော်ပါလည်း..ယာဥ်မောင်းသူသုံးဦးစလုံးတွင် ဤအမျိုးသားသည် ဒဏ်ရာအများဆုံးဖစြ်သည် ။ ဒါတောင်အပြင်ပိုင်းဒဏ်ရာပဲ ရှိသေးသည် ။
ကံဆိုးသည်ဟုပြောရမည်ပင် ။ ထိုနေ့မှာပင်တိုက်တိုက်ဆိုင်ဆိုင် သက်ဆိုင်ရာ ဝါရင့် ဆရာဝန်ကြီးများက ပရဟိတအနေဖြင့်လူမှုကယ်ဆယ်ရေးအတွက် အဖွဲ့အစည်းတစ်ချို့နှင့်နယ်ဘက်ဖို့ ခရီးထွက်သွားကြသည်။
ထို့ကြောင့် ဆေးရုံတွင်အလုပ်အကိုင်အကျွမ်းကျင်ဆုံး..ဆရာဝန်ကလုံလုံလောက်လောက်မရှိ ။ ရှိတဲ့ဆရာဝန်များသည်လည်း အရင်ဦးစွာရောက်လာသည့်အရေးပေါ်လူနာများကို ခွဲစိတ်ရန်ပြင်ဆင်ပေးနေရသည့်အတွက်မအားမလပ် ။
အလုပ်သင်များနှင့် လုပ်သက်သိပ်မကြာသေးသောဆရာဝန်ပေါက်စများသာရှိကြသည်။
"ဒီလူနာက ခန္ဓာကိုယ် အတွင်းပိုင်းသွေးရိုစိမ့်မှုဖြစ်နေတာ ပြီးတော့ကားတိုက်တုန်းကရိုက်မိတဲ့အရှိန်ကြောင့်..ဒီနားမှာတွေ့လား.."
စီနီယာနှင့်တူသောဆရာဝန်တစ်ယောက်က ဘေးကအလုပ် ဆရာဝန်လေးများကို လက်တစ်ချက်ထောက်ပြလိုက်သည် ။ လူနာ၏ ဘယ်ဘက်ရင်ဘက် တစ်နည်း..ပုံမှန်ထက်ပို၍ နိမ့်ဝင်နေသည့် နေရာသို့..
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanficချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...