Episode-3

473 47 2
                                    

Unicode /—

"ဒေါက်တာ..ကျွန်မသားလေးကသတိရဖို့ဘယ်လောက်ကြာဦးမှာလဲရှင်။"

"လူနာက ခန္ဓာကိုယ် အတွင်းပိုင်းရောအပြင်ပိုင်းရော တော်တော်လေးထိခိုက်ထားပါတယ်အန်တီ။ ပြန်ကောင်းလာဖို့ဆိုတာတော့နည်းနည်းအချိန်ယူရပါလိမ့်မယ်။ စိတ်ရောလူပါအများကြီးပင်ပန်းထားတာမို့လို့ သေချာအနားယူနေတယ်လို့ပဲ ဖြည့်တွေးပေးပါ။ကျွန်တော်လည်းအကောင်းဆုံးကုသပေးပေါ့မယ်။"

"ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်သလဲ ကျွန်မရဲ့သားလေး။ မသေကောင်းမပျောက်ကောင်းရှင် အင့်..အမလေး သားရယ်ဟင့်။"

"စိတ်ကိုထိန်းပါ အန်တီ။ဒီလောက် ဒဏ်ရာဒဏ်ချက်တွေအများကြီးနဲ့ တောင်ကျွန်တော်တို့ဆေးရုံကိုသူရောက်အောင်လာခဲ့တာပဲ။ သေချာပေါက်သူအသက် ဆက်ရှင်ချင်ခဲ့လို့ပေါ့။ ကျွန်တော် အများကြီးမပြောပြတတ်ပေမဲ့ လူနာက စိတ်ဓာတ်သိပ်မာပုံရပါတယ် သူအသက်ရှင်ရမဲ့ အကြောင်းအရင်း ရှိသေးတာမို့လို့သေချာပေါက်အမြန်ဆုံး သတိရလာမှာပါ။"

"သား သတိရလာလို့..ဟင့် မြေးလေးနဲ့ ချွေးမလေးကိုမေးရင် ကျွန်မ ဘယ်လိုတောင်ဖြေရပေါ့မလဲ မသိဘူး အင့် ဒေါက်တာရယ်။"

"ပြန်တွေ့မှာပါ၊ စုံထောက်ကြီးလီ ကိုယ်တိုင်ဦးဆောင်ပြီးဒီအမှုကိုဖြေရှင်းနေတယ်လို့ကျွန်တော်ကြားတယ်။ သေချာပေါက်ပြန်တော့မှာပါ အန်တီ။"

"အဲ့လိုပဲ မြန်မြန်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒေါက်တာ ကိုလည်းကျေးဇူးတင်ပါတယ် ကျွန်မသား ရဲ့အသက်ကိုကယ်တင်ပေးခဲ့လို့ တကယ့်ကိုကျေးဇူးတင်ပါတယ်ရှင်။"

"ရပါတယ် ဗျာ။ကျွန်တော်တို့လို ဆရာဝန်တွေက လူနာတွေကို ကယ်တင်ပေးဖို့မွေးဖွားလာတာပါ။ အဲ့တာကြောင့် အန်တီက စိတ်ထဲမထားနဲ့နော်။ အခုတော့ ကျန်းမာအောင်နေပါ လူနာ သတိရလာတဲ့အခါ အန်တီအားရှိနေဖို့လိုတယ်လေ။"

"ဟုတ်ကဲ့ ပါဒေါက်တာ။ကျွန်မ ကြိုးစားပါ့မယ်။"

"ဒါဆို ကျွန်တော် တခြားလူနာလေးသွားကြည့်စရာရှိလို့ ခွင့်ပြုပါဦးနော်။"

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now