Episode-36

244 23 5
                                    

Unicode,

"မလာနဲ့..အနားကပ်မလာပါနဲ့..ဟင့် ထွက်သွား..လူသတ်သမား..အဟင့်..ထွက်..သွား!!"

" ချာတိတ်..စိတ်ကိုအေးအေးထား ကိုယ်..ကိုယ်က"

"ထွက်သွား..အာ့ !!"

"Baekhyun !!"

စူးရှတဲ့အော်ဟစ်ငိုကြွေးနှင့်အတူ Chanyeol ရှေ့မှာတင် သတိလစ်သွားခဲ့သည့် Baekhyun ။

အသိတရားတို့ကင်းမဲ့စွာဖြင့် chanyeol ၏ပွေ့ဖက်မှုကြားတွင်လှပစွာမေ့မြောနေသော ချစ်ရတဲ့ ဤလူသားလေးကို ထိုင်ကြည့်ကာ အသံတိတ် ငိုကြွေးနေမိသည်။

အခုချိန်မှာ သူလုပ်နိုင်သည့်အရာဆိုလို့ ကလေးငယ်မျက်နှာပေါ်တွင်မလိုက်ဖက်စွာကျဆင်းနေသော မျက်ရည်စ တို့ကို ကုန်စင်သွားအောင်ဖယ်ရှားပေးနေခြင်းသာ ရှိ၏ ။

မျက်နှာပြင် နုနုပေါ်က မျက်ရည်စတို့ကိုကုန်စင်အောင် စွမ်းဆောင်နိုင်ခဲ့ပါသော်လည်း ချစ်ရသူရဲ့ ရင်ထဲမှ ငိုကြွေးနေခြင်းကို ရပ်တံ့လေအောင်မည်သို့ စွမ်းဆောင်ရမည်နည်း။

လွန်ခဲ့သော တစ် နာရီ,

"Baekhyun.. Baekhyun မင်းဘယ်မှာလဲ"

Oh Sehun ဆီကအပြန် Chanyeol တစ်ယောက် ကားကိုအရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည် ။ ဦးတည်ရာက Baekhyun ရှိနေလိမ့်မည်ဟု တွေးထားမိသော Park အိမ်တော် သို့။

စိတ်မလုံခြုံမှု ၊ ဒေါသနဲ့ စိတ်ပူပန်မှုတွေက Chanyeol ရဲ့အသိအာရုံတစ်ခုလုံးကို တိုက်စားလျက် ။

Baekhyun သာ မတော်တစ်ဆ အဲ့ဒီ့နေ့ညက ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေ ပြန်ရသွားခဲ့ရင်

မဖြစ်ဘူး..!!!

(အရှေ့ပိုင်းတွေမှာ ပါပါတယ် Baekhyun က PTSD ရောဂါခံစားနေရတာပါ)

Chanyeol အိမ်သို့ရောက်ရောက်ခြင်း ခြံတံခါးတောင်မပိတ်နိုင် Baekhyun နာမည်သာတစ်ကြော်ကြော်အော်ရင်း..အိမ်ထဲအလျှင်အမြန်ပြေးဝင်သွားမိသည် ။ အောက်ထပ်တစ်ခုလုံး တွင် Baekhyun ကိုရှာမတွေ့ ။အပေါ်ထပ်သို့အပြေးအလွှား တတ်ကာရှာပြန်သည် ။ တစ်ခန်းဝင်တစ်ခန်းထွက်..အကုန်လိုက်ရှာတော့လဲ Baekhyun နှင့်တူသည့်အရာဆို၍ အရိပ်ပင်မတွေ့ရ ။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now