Unicode
————/
"သတို့သားနှစ်ယောက်ဆိုတော့ ကြုံဖူးလေ့ရှိတဲ့မင်္ဂလာပွဲမျိုးတော့မဟုတ်ဘူးပေါ့နော့်။ ဒါပေမဲ့ ရှေးစကားရှိဖူးတယ်မှတ်လား ပျောက်ဆုံးနေတဲ့ကိုယ့်ရဲ့ဖူးစားရှင်ဆိုတာမျိုးပေါ့။ ရှေးရှေးဘဝ ကရှေ့ဆက်တွေကြောင့် ဝေးကွာခဲ့ရတဲ့ လက်တွဲဖော်၊ ဖူးစာဖက်တွေကို ဘုရားသခင်ရဲ့ မေတ္တာတော်တွေနဲ့နောက်ဘဝမှာပြန်တွေ့စေတယ်တဲ့။ကိုယ့်ရဲ့ဖူးစာဖက်က အရင်ဘဝမှာအမျိုးသမီးဖြစ်ခဲ့လဲ ဒီဘဝမှာ အမျိုးသမီးဖြစ်ချင်မှ ဖြစ်မယ်။ ဒါက ကိုယ့်ရဲ့ ကံကြမ္မာက စီမံပြီးသားမို့လို့ပဲ။ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် ဖူးစားမှန်ရင် ပေါင်းဖက်ကြရစမြဲပဲ။
ချစ်ခြင်းမေတ္တာတိုင်းက နူးညံ့သိမ်မွေ့ပြီး ဖြူစင်တာမို့လို့ ကိုယ်တော်တို့ရဲ့ ဘုရားသခင်က ဒီသတို့သားနှစ်ယောက်ရဲ့ အိမ်ထောင်ရေးကိုလည်းကောင်းချီး ပေးမှာပါ။"
ဘုန်းတော်ကြီးရဲ့ ဆုံးမသြဝါဒ တဖြင့်လည်း မိန့်ခွန်းပြောပြီးသည့်နောက်၊ မင်္ဂလာပွဲကိုလာကြတဲ့ ဧည့်သည်တွေကလည်း သေချာဂရုတစိုက်ကြည့်ရှုနေကြသည်။ သတို့သားနှစ်ဦးရဲ့ ကတိသစ္စာပြုရမည့် အချိန်မို့ အားလုံးက ငြိမ်သက်ပေးကြသည်။
"ကဲ ဒါဆိုဒီလိုမင်္ဂလာရှိတဲ့ အချိန်ခါလေးမှာ သတို့သား အမောင် Park Chanyeol ကစတင်ပြီးတော့ ကတိသစ္စာပြုပေးပါ"
"ဟုတ်ကဲ့"
ဘုန်းတော်ကြီးရဲ့ စကားကို ခေါင်းတစ်ချက်ငြိမ့်ပြရင်း တုန့်ပြန်လိုက်သည်။ ထိုနောက် မိမိဘေးတွင်ရပ်နေသော ကိုယ်နဲ့ ဆင်တူဝတ်ထားသည့် အဖြူရောင် သတို့သားလေးကို မျက်နှာမူလိုက်ပါသည်။ Baekhyun ကလည်း သူ၏ သတို့သား Chanyeol ဘက်ကိုလှည်ကာ နှစ်ယောက်မျက်နှာ ချင်းဆိုင်အနေအထားကိုနေပေးလိုက်သည်။ အိင်္ကျီအနားစလေးကို ကိုင်ထားသော Baekhyun ရဲ့သွယ်လှလှ လက်ကလေးတစ်ဖက်ကို လှမ်းယူကာ ကိုင်ထားလိုက်သည်။ ထို့နောက် အကြည့်ခြင်းဆုံစေလျက်..
"ကိုယ့်ရဲ့ ဒီလက်တွေက မင်းရဲ့ဆင်းရဲဒုက္ခမှန်သမျှကို အကုန်ဖြေရှင်းပေးပါ့မယ်။ကိုယ်တိုင်
ကပူလောင်နေရ ရင်တောင်မှမင်းအတွက်နဲ့ တောက်လောင်ပေးနေတဲ့မီးအိမ်ငယ် အဖြစ်နေပေးပါ့မယ်။မင်းရဲ့အဆိုးအကောင်းမှန်သမျှကို ကိုယ့်ဘဝ အစိတ်ပိုင်းတိုင်းလို့သတ်မှတ်ပြီး ဆိုးတူကောင်းဖက် အသက်ကြီးပြီးအိုမင်းသွားတဲ့အထိ မင်းအနားမှာပဲ အမြဲအတူရှိသွားပေါ့မယ်လို့ သစ္စာပြုပါတယ်။
YOU ARE READING
🍁Not for Me🍁(uni/zawgyi )(Completed)
Fanfictionချစ်တယ် Baekhyun။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာကနေ မင်းကို သိပ်ချစ်တယ်။ ကိုယ့်အပိုင်ပါလို့ တံဆိပ်ခတ်ထားတဲ့ မင်းက တကယ်တမ်းကျတော့ ကိုယ်ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့တဲ့ သက်ရှိအရုပ်ကလေးပဲ ချာတိတ်။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးကြပါတော့။ ငါတကယ့်ကို...