Episode-21(🚨🚨)

823 23 7
                                    

Unicode
—————/

"Babe..."

"ပြွတ်စ်...အွမ်းး..ဟာ့"

ကုတင်နောက်ကိုလှဲချပြီး အပေါ်က အုပ်မိုးကာ နှုတ်ခမ်းကိုအတင်းစုပ်နမ်းနေသည့် ကိုကို။

လှဲချ ခံနေရသည့်ကိုယ်က အတင်းကုန်းထရန်ကြိုးစားလည်း မအောင်မြင်။ သန်မာလှတဲ့ ကိုကိုရဲ့ လက်တွေက ကျွန်တော့် လက်ကောက်ဝတ်တွေ တင်းကျပ်စွာ ကိုင်ထားပြီး မွေ့ယာနဲ့ကပ်ထားလေသည်။ ကျွန်တော်ရဲ့အဖြစ်က သဲတောင်ပြင်ပေါ်ရောက်သွားတဲ့ ပင်လယ်ထဲက ငါးလေးတစ်ကောင်လိုပင်။ ကိုကိုရဲ့ အနမ်းတွေအကြား အလဲလဲ အပြိုပြိုနှင့် အသက်ပင်မနည်းလုရှူ နေရသည်။ သက်လုံ ကောင်းလှသည့် ကိုကိုက ကျောင်းတုန်းကရေကူးချန်ပီယံ ဖြစ်ခဲ့လေသလားမသိ။ အခုထိ မမောပန်းနိူင်သေးပေ။

အစပိုင်းအတင်းအကျပ် နမ်းနေရင်းကနေ ကျွန်တော်မရုံးနှိုင်တော့မှန်း သဘောပေါက်သွားသည့် ကိုကို က၊ နမ်းနေတာ ကိုရပ်ပြစ်လိုက်သည်။ ထိုအခွင့်အရေးကို အမိအရယူက အသက်လုရှူနေရသော ကျွန်တော့် ပုံစံက ကိုကိုအမြင်မှု မရင့်ကျတ်သေးသည့် ကလေးတစ်ယောက်နဲ့ သွားတူ ခဲ့လေသည် လား ကျွန်တော်မသိ။ ကျွန်တော့်မျက်လုံးတွေ မှိတ်ထားရင်းနဲ့ပင် ကိုကို့ ရဲ့ ရီသံတိုးတိုးလေးကို ကြားလိုက်ရသည်။

ခဏတာ ငြိမ်ကျသွားပေမဲ့ မွေ့ယာပေါ်တွင် ကိုကို့လက်တစ်ဖက်ထဲနဲ့ ဖမ်းချုပ်ခြင်းခံထားရသော ကျွန်တော်ရဲ့ လက်နှစ်ဖက်လုံးကတော့ ပုံမပျက်ရှိနေတုန်းပင်။ ကြောက်ကြောက်နဲ့မျက်လုံးဖွင့်ကြည့်မိတော့ ရင်ထဲကို ဒိန်းခနဲ။ နှလုံးသွေး စောင့်တတ်သွားသလိုပင်။ ကျွန်တော့်ကို အုပ်မိုးထားသည့် ကိုကို က အသက်အသည်းအသန်ရှူနေရလို့ အနည်းငယ်ပွင့်အ လာတဲ့ ကျွန်တော့်နှုတ်ခမ်းတွေကို မက်မက်မောမော စိုက်ကြည့်နေခဲ့သည်။

ထို့နောက် ကျွန်တော့်မျက်ဝန်းတွေကို ကြည့်လာတဲ့ ကိုကို့ရဲ့ အကြည့်စူးစူး၊ သိပ်ကို ဆွဲဆောင်နိုင်လွန်းလှသည်။ ယောကျ်ားတစ်ယောက်ရဲ့ ကိုယ့်ပိုင်ဆိုင်သူ အပေါ် လိုချင်တပ်မက်မှုအပြည့် နှင့် ကိုကို့ ပုံစံကို Baekhyun ရင်မဆိုင်နိုင်ရဲစွာ ဖြင့်အကြည့်လွှဲလိုက်မိပါသည်။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now