Episode-2

614 53 2
                                    

Unicode /—

[နှစ်နိုင်ငံ ချစ်ကြည်ရေးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရသော ဝန်ကြီးချုပ် လုပ်ကြံခံရ]

TV Channel လိုင်းတိုင်းတွင် Braeking New အဖြစ် hot အဖြစ်ဆုံးသတင်းတစ်ခုဖြစ်သည်။

"လူတွေလဲကွာ ဘယ်လိုတောင်လူစိတ်မရှိကြတော့တာလဲ မသိဘူး။ ကိုယ့်နိုင်ငံ အကျိုးအတွက် ဆောင်ရွက်ပေးနေတဲ့သူကိုမှ လုပ်ကြံရတယ်လို့"

"ဘာဖြစ်လို့လဲ appa"

"ဒီမှာလေ ဝန်ကြီးချုပ် လုပ်ကြံခံရတဲ့သတင်း။လုံးဝ အုံ့အုံ့ကြွကြွ ကိုဖြစ်နေတာ။ "

"ဘယ်က ဝန်ကြီးချုပ်လဲ။သားတို့နိုင်ငံ ကပဲလား"

"နှစ်နိုင်ငံ ကိုယ်စားလှယ်အဖြစ်အရွေးခံထားရတာ။ သိပ်ကိုရိုးသားဖြောင့်မတ်ပြီး မျက်နှာမလိုက်ဘူးတဲ့။ လာဘ် စားတာမရှိတော့ ပြည်သူတွေရဲ့ယုံကြည်မှုကိုမဲအပြည့်အဝနဲ့ အနိုင်ရထားတာလေ။အဲ့တော့ မလိုမုန်းထားတဲ့သူတွေလဲ ပေါမှာပေါ့"

"ဝန်ကြီးချုပ် လုပ်ရတာလဲ မကောင်းလိုက်တာ၊ ကိုယ်က ပင်ပန်းရသလောက် အမုန်းလည်းခံရသေးတယ်"

"အင်း..ဒါနဲ့နေပါဦး။မင်းတစ်နေကုန်ဘယ်တွေ လျှောက်သွားနေလို့အခု ချိန်မှပြန်လာရတာလဲ"

"ဟီးဟီး..appa ကလည်း ကျွန်တော်ဘယ်မှ မသွားပါဘူး"

"လိမ်တာလား ငါ Sehun ကို ph ဆက်မေးလိုက်ရမလားပြော။"

Sehun ကို ph ဆက်လို့လုံးဝမဖြစ်ပါ။ နေမကောင်းလို့ အိမ်မှာပဲ အနားယူချင်ပါတယ်ဆိုပြီး လိမ်ကာ ခွင့်နှစ်ရက်ရအောင်ယူခဲ့ရခြင်းဖြစ်သည်။ တကယ်တန်း ကျတော့ KaungSoo နေမကောင်း၍ ခွင့်ယူသည်မဟုတ်။ နေကောင်းတာမှ ဒေါင်ဒေါင်ကိုမြည်နေပါသေးသည်။ ဒီနေ့ Blackpinkရဲ့ fanmetting ပွဲ ရှိသည်။ ထိုပွဲ ကိုသွားချင်လွန်း၍ မရမက အကြံပေါင်းစုံထုတ်ကာ  မှ ရှားရှားပါးပါး ခွင့်လေးနှစ်ရက်ရခြင်းဖြစ်
သည်။ အခုလည်း appa က Sehun ကို ph ဆက်မေးလိုက်ရင် သူလိမ်ထားတာ အကုန်ပေါ်သွားလိုက်သည်။ ပြဿနာ အကြီးကြီးတတ်နိုင်သည့်ကိစ္စမို့လို့ အဖေဖြစ်သူကို အမှန်တိုင်းဝန်ခံရန် KaungSoo ဆုံးဖျက်ချက်ချလိုက်ရတော့သည်။

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now